ဘာသာပြန်သူ Yuuki
အပိုင်း (၇၉) ခြေရာခံခြင်း (၄)သည်ကလေးသည် လက်ရှိ သူမ၏အသွေးအသားအရိုးတို့ဖြင့် ဖန်တီးထားသော သူမ၏ သားအရင်းဖြစ်သည်။
သူမ၏မျက်ဝန်းများမှာ စိုစွတ်လာပြီး ညင်ညင်သာသာပြောလိုက်လေတော့သည်။
“ ပေါင်ပေ့က မာမားဒဏ်ရာကို မှုတ်ပေးလိုက်တော့ လုံးဝမနာတော့ဘူး သိလား”
ပိုးတုံးလုံးလေးသည် ထိုစကားကိုကြားလိုက်သောအခါ ရွှင်လန်းတက်ကြွသွားတော့သည်။ သူလေး၏ နက်မှောင်ပြီး ဖန်သားကဲ့သို့ ကြည်လင်နေသောမျက်လုံးများတွင် ယုံကြည်ချက်အပြည့် ဖြစ်သွားလေသည်။
“ လော့လော့ မာမားကို ကူညီနိုင်သွားပြီ”
“အွန်း”
ချောင်မော့ယွီ အလေးအနက်ထားပြောလိုက်၏။
“လော့လော့ သားလေးက မာမားကို အများကြီးကူညီခဲ့တာပဲ”
နေ့လယ်စာစားပြီးချိန်တွင် ရာသီဥတု ကောင်းသဖြင့် ချောင်မော့ယွီသည် လော့လော့ကို ခေါ်ကာ အိမ်ရာဝင်းအတွင်း ပေးကစားရန်ထွက်လာသည်။ သူမသည် သူအစာကြေသွားလျှင် နေ့လယ်တရေးအိပ်ရန် အိမ်ပြန်ခေါ်သွားမည်ဟု စဥ်းစားထားလိုက်သည်။
ပိုးတုံးလေးသည် လျှောစီးရသည်ကို အလွန်သဘောကျနေသည်။ သူလေးသည် နှစ်နှစ်သာရှိသေးသော်လည်း ကလေးကြီးများလိုဖြစ်ချင်ပြီး လျှောပေါ်တက်စီးကြည့်နေသည်။ ရလဒ်အနေဖြင့် လျှောဆင်းသောအခါ လက်လှမ်းမမှီသဖြင့် ချောင်မော့ယွီက အကြိမ်တိုင်း သူ့ဖင်တုံးလေးကို ကိုင်ထားပေးရတော့သည်။ မော့ယွီက သူလေးကို ရယ်လိုက်ရာ သူလေးကလဲ သူမနှင့်အတူ လိုက်ရယ်နေတော့သည်။
အချိန်အနည်းငယ်ကြာပြီးနောက် သူလေးက ဒန်းစီးနေပြီး ချောင်မော့ယွီသည် သူ့ကိုပုံမှန်အတိုင်း ကိုင်ပေးထားလိုက်သည်။
ထိုအခိုက်အတန့်တွင် သူမ၏ဆဲလ်ဖုန်း မြည်လာသည်။
သူမ ဖုန်းပြန်ဖြေလိုက်၏။
“ ဟယ်လို ဒါရိုက်တာ ဝမ်”
ဒါရိုက်တာဝမ်သည် ထိပ်ဆုံးသို့ရောက်လာသည်။ လေတိုးသံသည် ဖုန်းထဲကသူ့အသံကို ထပ်နေစေသည်။

STAI LEGGENDO
စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်း
Storie d'amoreချောင်မော့ယွီ နိုးလာသည့်အချိန်၌ သူမက ဝတ္ထုကမ္ဘာဆီသို့ ရောက်သွားသည်ကို တွေ့လိုက်ရသည်။ ထိုနောက် သည်ဝတ္ထု၏ အမျိုးသားဇာတ်လိုက်ဖြစ်သည့် ကုမ္ပဏီ စီအီးအို၏ မနှစ်မြို့ခြင်းကိုခံရသည့် ဗီလိန်ကောင်မလေး၏ ကိုယ်ထဲသို့ဝင်ရောက်သွားခဲ့သည်။ စီအီးအို၏ ငယ်သူငယ်ချင်...