စာစဉ်နာမည်- စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်း
ဘာသာပြန်သူ Yuukiအပိုင်း (၁၆၃) ဒုတိယအကြိမ်စစ်ဆေးမှုမှတ်တမ်း (၃)
သူသည် နေ့လယ်ခင်းက ချောင်မော့ယွီနှင့် လော့လော့ကို ပွေ့ဖက်ခဲ့သည့် မြင်ကွင်းကို ပြန်စဥ်းစားလိုက်ပြီးနောက် သူ့နှုတ်ခမ်းများသည် အပြုံးတစ်ခုအဖြစ် ကွေးတက်သွားတော့သည်။ တစ်ချိန်ထဲမှာပင် သူ့မျက်လုံးများသည် အရောင်တောက်လာပြီး သူ့ပါးပြင်ပေါ်တွင် ထင်ဟပ်နေတော့သည်။ သူ့ရုပ်အသွင်တစ်ခုလုံးသည် တောက်ပနေသယောင်ယောင်။
ယဲ့ဖေးချန်းသည် ညမြင်ကွင်းကို ရှုစားနေစဥ် ဖေကြီးယဲ့သည် ဆရာဟွမ်နှင့် စကားပြောနေ၏။ သူသည် ထိုအချိန်တွင် စိတ်လှုပ်ရှားမှုကို မထိန်းနိုင်ဖြစ်နေတော့သည်။
“ အစ်ကိုကြီးဟွမ်ရေ ကျွန်တော့် ယဲ့မိသားစုကတော့ ပျော်စရာသတင်းတချို့ကို ကြေညာရတော့မယ်၊ ခင်ဗျား သေချာပေါက်လာရမယ်နော်”
ဆရာဟွမ်သည် လက်ရှိတွင် နိုင်ငံခြားသို့ ခရီးထွက်နေ၏။ ထိုနေရာတွင် မနက်ပိုင်းဖြစ်နေပြီး သူသည်လဲ အိပ်ရာနိုးစ ရှိသေးသည်။ သူသည် ဖေကြီးယဲ့၏ စကားကို ကြားလိုက်ပြီး အနည်းငယ် တွေဝေသွားတော့သည်။
“ ခင်ဗျားရဲ့ သားအကြီးဆုံးက လက်ထပ်တော့မှာလား”
“ လက်ထပ်တာက ဘာအရေးလဲဗျာ”
ဖေကြီးယဲ့၏မုတ်ဆိတ်မွေးများသည် အပေါ်သို့ ကွေးတက်သွား၏။
“ ကျွန်တော့်မှာ မြေးလေးတစ်ယောက် ရှိနေပြီဗျ”
“ခင်ဗျားရဲ့သားကြီးက အပြင်မှာ မိန်းမယူပြီး ကလေးတစ်ယောက် ရခဲ့တယ်တဲ့လား”
ဆရာဟွမ်က ထပ်မေးလိုက်၏။
ဖေကြီးယဲ့သည် ထိုမေးခွန်းနှစ်ခုကြောင့် အတိုင်းအတာတစ်ခုအထိ စိတ်ပျက်သွားတော့သည်။
“ ကျွန်တော့်သားကြီးမှာ စေ့စပ်ထားတဲ့သူရှိတယ် ပြီးတော့ သူတို့ သိပ်မကြာခင် လက်ထပ်ကြတော့မှာ၊ အခုက ကျွန်တော် ယဲ့ဖေးချန်း အကြောင်းပြောနေတာဗျ၊ သူ့သားက နှစ်သားအရွယ်တောင် ကျော်နေပြီတဲ့ဗျာ၊ သိပ်မကြာခင်ဆိုရင် သူက ပဲငံပြာရည် ထွက်ဝယ်နိုင်လောက်တဲ့ အရွယ်ရောက်တော့မှာဗျ”
![](https://img.wattpad.com/cover/330150701-288-k947207.jpg)
YOU ARE READING
စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်း
Romanceချောင်မော့ယွီ နိုးလာသည့်အချိန်၌ သူမက ဝတ္ထုကမ္ဘာဆီသို့ ရောက်သွားသည်ကို တွေ့လိုက်ရသည်။ ထိုနောက် သည်ဝတ္ထု၏ အမျိုးသားဇာတ်လိုက်ဖြစ်သည့် ကုမ္ပဏီ စီအီးအို၏ မနှစ်မြို့ခြင်းကိုခံရသည့် ဗီလိန်ကောင်မလေး၏ ကိုယ်ထဲသို့ဝင်ရောက်သွားခဲ့သည်။ စီအီးအို၏ ငယ်သူငယ်ချင်...