စာစဉ်နာမည်- စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်း
ဘာသာပြန်သူ Yuuki
အပိုင်း(၉၀) တန်ပြန်တိုက်ခိုက်ခြင်း ပထမခြေလှမ်း (၁)
ဖုန်းချလိုက်ပြီးနောက် ယဲ့ဖေးချန်းသည် သူ့ဖုန်းကို သိမ်းလိုက်ပြီး ချောင်မော့ယွီကို ကြည့်လိုက်ကာ ပေါ့ပေါ့ပါးပါး လှမ်းခေါ်လိုက်သည်။
“ သွားစို့”
ချောင်မော့ယွီသည် သူခေါ်တာကို ကြားလိုက်ပြီး နောက်ကလိုက်သွားလိုက်သည်။ သူတို့နှစ်ယောက်သည် စင်နောက်ဘက်ကို အတူတူ လျှောက်သွားလိုက်ကြသည်။
စင်ပေါ်တွင် ဒါရိုက်တာသည် သရုပ်ဆောင်များကို ဦးဆောင်ကာ ထွက်လာသည်နှင့် မီးများလင်းလာသည်။
ဖန်အားလုံးသည်ဒရာမာထဲက ဇာတ်ကောင်များအတိုင်း တူညီဝတ်စုံများကို ဝတ်ထားကြသည်။
“ရှန်းရှီ”သည် နောက်ဆုံးအပိုင်းကို လွှင့်ပြီးဖြစ်သဖြင့် အားလုံးသည် ဒရာမာထဲတွင် နှစ်မြောနေပြီး မခွဲချင်ကြသည့် အချိန်လဲဖြစ်သည်။ ရလဒ်အနေဖြင့် စင်အောက်မှ ဖန်များ၏စိတ်လှုပ်ရှားမှုများ ပွင့်အန်လာတော့သည်။
ရှင်းဝမ်ရွှမ်း၏ဖန်များသည် ချောင်မော့ယွီက သူတို့ဆီမှ ကျော်ကြားမှုကို ယူသွားခံခဲ့ရသည့် သင်ခန်းစာရှိခဲ့သည်ဟု ဆိုနိုင်လေသည်။ ထို့ကြောင့် သည်တစ်ကြိမ်တွင် သူတို့သည် သေချာပြင်ဆင်လာကြ၏။ ရှင်းဝမ်ရွှမ်း၏ ဖန်များသည် စုပြုံလာကြပြီး အယောက်တိုင်းသည် စိတ်အားထက်သန်လျက်ရှိကြသည်။ ထိုခဏတွင် ထိုနေရာသည် သူမ၏ဇာတိမြို့လေးဖြစ်လာသကဲ့သို့ ထင်ရလေသည်။
တစ်ဖက်တွင် ချောင်မော့ယွီဘက်မှာ အေးစက်နေကာ ပျော်မနေကြချေ။
အင်တာဗျူးနှင့် အပြန်အလှန်အမေးအဖြေကဏ္ဍကို စင်ရှေ့တွင် ပြုလုပ်ထားသည်။ သည်ပွဲသည် ကျေးဇူးတင်တွေ့ဆုံပွဲဖြစ်သဖြင့် ပထမတစ်ကြိမ်နှင့်စာလျှင် လူများနှင့် ပြည့်နေပြီး အတန်သင့် စနစ်ကျသည့် တွေ့ဆုံပွဲဖြစ်သည်။
အမေးအဖြေကဏ္ဍသည် ဖန်များကြားတွင် အရှိန်မြင့်လာပြီး မပြီးသေးချေ။
ESTÁS LEYENDO
စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်း
Romanceချောင်မော့ယွီ နိုးလာသည့်အချိန်၌ သူမက ဝတ္ထုကမ္ဘာဆီသို့ ရောက်သွားသည်ကို တွေ့လိုက်ရသည်။ ထိုနောက် သည်ဝတ္ထု၏ အမျိုးသားဇာတ်လိုက်ဖြစ်သည့် ကုမ္ပဏီ စီအီးအို၏ မနှစ်မြို့ခြင်းကိုခံရသည့် ဗီလိန်ကောင်မလေး၏ ကိုယ်ထဲသို့ဝင်ရောက်သွားခဲ့သည်။ စီအီးအို၏ ငယ်သူငယ်ချင်...
