စာစဉ်နာမည်- စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်း
ဘာသာပြန်သူ Yuuki
121
အပိုင်း (၁၂၁) သူ့ကို ထပ်မငြင်းမိတော့ဘူး (၁)အားလုံးက သူတို့ကို ကြည့်နေကြသည်ကို မြင်လိုက်ချိန်တွင် ချောင်မော့ယွီသည် သူမ၏မျက်လုံးဝိုင်းများကို တဖျတ်ဖျတ်ခတ်လိုက်ပြီး ယဲ့ဖေးချန်းကို တီးတိုးပြောလိုက်လေသည်။
“ ကိုကြီးယဲ့ ကျွန်မက အစ်ကို့အတွက် အရမ်းလေးနေမယ်ထင်တယ်နော်”
ယဲ့ဖေးချန်းသည် မတတ်နိုင်တော့ဘဲ ပြန်ဖြေလိုက်၏။
“ မဖြစ်ပါဘူး”
ချောင်မော့ယွီသည် စိတ်လျှော့လိုက်ပြီး ရှေ့သို့တိုးလိုက်၏။ သူမသည် ကိုယ်ကိုရှေ့သို့ ညွှတ်လိုက်ပြီးနောက် သူ့ကျောပေါ်သို့ တက်လိုက်လေသည်။ ထို့နောက်တွင် သူမ၏ခန္ဓာကိုယ်အပေါ်ပိုင်းကို ယဲ့ဖေးချန်း၏ကျောနှင့် ကပ်လိုက်ချိန်တွင် သူမ၏လက်မောင်းများသည် သူ့လည်ပင်းကို သိုင်းဖက်လိုက်တော့သည်။
သူတို့နှစ်ယောက်၏နောက်မှနေ၍ လမ်းလျှောက်လာနေသောလူသည် ရုတ်တရက် အသက်ရှူရန်ပင် မေ့သွားတော့သည်။
ထိုလူသည် အသက်ပြင်းပြင်းတစ်ချက် ရှုသွင်းလိုက်အပြီးတွင်တော့ ယဲ့ဖေးချန်းသည် ချောင်မော့ယွီကို ကျောပေါ်တင်ကာ မတ်တပ်ရပ်လိုက်လေသည်။
အစီအစဥ်၏လိုက်ဖ်လွှင့်နေသည့် မှတ်ချက်ကဏ္ဍသည် တဖန် ရုတ်ရုတ်သဲသဲဖြစ်သွားတော့သည်။ ထိုအခိုက်အတန့်တွင် [ချန်းယွီအတွဲစူပါဖန်]သည် စခရင်တစ်ခုလုံးတွင် ထူးဆန်းသည့် မှတ်ချက်များကို တင်နေတော့သည်။
သို့သော်ငြား သူသည် ‘ဘုရင်အဆင့်’အထူးဖန်တစ်ယောက်ဖြစ်သည့်အတွက် သူ့စခရင်ပေါ်မှ မှတ်ချက်များသည် သိသိသာသာကြီးမားကာ စာလုံးအထူနှင့်ရေးထားပြီး အထူးသဖြင့် ရွှေရောင်စာလုံးများဖြစ်နေရာ အားလုံးကို ဆွဲဆောင်နေတော့သည်။ ထိုစာလုံးများသည် စခရင်ပေါ်တွင် တောက်ပစွာလင်းလက်နေပြီး အစီအစဥ်မကျသည့် စကားလုံးများတစ်ခုပြီး တစ်ခု ထွက်ပေါ်လာတော့သည်။
“ကောင်းချက်”
“ကျူးပါကျဲလား”
“ သူ သူ့မိန်းမကို ချီထားတာလား”
![](https://img.wattpad.com/cover/330150701-288-k947207.jpg)
YOU ARE READING
စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်း
Romanceချောင်မော့ယွီ နိုးလာသည့်အချိန်၌ သူမက ဝတ္ထုကမ္ဘာဆီသို့ ရောက်သွားသည်ကို တွေ့လိုက်ရသည်။ ထိုနောက် သည်ဝတ္ထု၏ အမျိုးသားဇာတ်လိုက်ဖြစ်သည့် ကုမ္ပဏီ စီအီးအို၏ မနှစ်မြို့ခြင်းကိုခံရသည့် ဗီလိန်ကောင်မလေး၏ ကိုယ်ထဲသို့ဝင်ရောက်သွားခဲ့သည်။ စီအီးအို၏ ငယ်သူငယ်ချင်...