စာစဉ်နာမည်- စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်း
ဘာသာပြန်သူ Yuuki
အပိုင်း (၁၆၀) ကိုယ်အရမ်းအူတိုနေပြီ (၃)
“လော့လော့ရဲ့... ပန်းကန်ထဲမှာ မာမားထည့်ပေးထားတဲ့ အသီးအရွက်တွေ အများကြီးပဲ၊ ဦးဦးရဲ့ပန်းကန်ထဲမှာမှ မရှိတော့တာ"
ကောင်လေးသည် လေးလေးနက်နက်ဖြင့် ပြောလိုက်လေသည်။
“ မမျှတဘူး၊ လော့လော့က ဦးဦးထက်ပိုများနေတယ်”
ယဲ့ဖေးချန်းသည် သူ့ပန်းကန်လုံးကို ရှေ့သို့ကမ်းပေးလိုက်ပြီး သူ့ဘေးမှ ချောင်မော့ယွီကို ပန်းကန်ထဲ ထပ်ထည့်ပေးရန် လှုပ်ရှားပြလိုက်လေသည်။
ချောင်မော့ယွီသည် မတတ်နိုင်တော့ဘဲ ယဲ့ဖေးချန်းအတွက် အစားအသောက်များ ထည့်ပေးလိုက်တော့သည်။
သူ့ကို ဗိုက်ပြည့်အင့်သွားစေရန် သူမသည် သူ့ပန်းကန်ထဲသို့ လိုအပ်သည်ထပ်ပိုကာ တမင်တကာ အပြည့်ထည့် ပေးလိုက်လေသည်။
လော့လော့သည် ပျော်ရွှင်သွားပြီး တစ်ခစ်ခစ်နှင့် ခိုးရယ်လေတော့သည်။ ထို့နောက်တွင် သူသည် ပါးစပ်ထဲသို့ အသီးအရွက်များကို ပြည့်သိပ်အောင် အလျင်အမြန် ထည့်လိုက်လေသည်။
သူ့ပါးစပ်မှာ သေးနေရာ သူသည် အလွန်နှေးကွေးစွာ စားနေတော့သည်။ ယဲ့ဖေးချန်းသည် လော့လော့ကို တမင်စောင့်နေလိုက်၏။ လော့လော့ စားပြီးခါနီးမှ သူသည် စိုးရိမ်နေဟန်ဆောင်လိုက်ကာ
“ လော့လော့က အရမ်းအားကောင်းတာပဲ ဦးဦးတော့ ရှုံးတော့မယ်ထင်မယ်ဟေ့”
လော့လော့သည် ဂုဏ်ယူသွားပြီး နောက်ဆုံးလက်ကျန် ရွှေဖရုံသီးစိတ်လေးကို သူ့ပါးစပ်ထဲသို့ မြန်မြန် ထည့်လိုက်တော့သည်။ သူ့ပါးသေးသေးလေးများသည် ပြည့်ဖောင်းနေပြီး သူ့နှုတ်ခမ်းထောင့်တွင် ရွှေဖရုံသီးများ ကပ်ကျန်နေ၏။
“လော့လော့ နိုင်သွားပြီ”
ချောင်မော့ယွီသည် လက်ခုပ်လေးတီးကာ
“ မားမားက သားလေးကို အနမ်းနှစ်ခုဆုချမယ်”
သူမသည် ကိုယ်ကိုညွှတ်လိုက်ပြီး လော့လော့၏ ပါးတစ်ဖက်စီကို နမ်းလိုက်လေသည်။
VOUS LISEZ
စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်း
Roman d'amourချောင်မော့ယွီ နိုးလာသည့်အချိန်၌ သူမက ဝတ္ထုကမ္ဘာဆီသို့ ရောက်သွားသည်ကို တွေ့လိုက်ရသည်။ ထိုနောက် သည်ဝတ္ထု၏ အမျိုးသားဇာတ်လိုက်ဖြစ်သည့် ကုမ္ပဏီ စီအီးအို၏ မနှစ်မြို့ခြင်းကိုခံရသည့် ဗီလိန်ကောင်မလေး၏ ကိုယ်ထဲသို့ဝင်ရောက်သွားခဲ့သည်။ စီအီးအို၏ ငယ်သူငယ်ချင်...
