အပိုင်း (၇၄) သူ့ကိုကယ်ခဲ့တဲ့မိန်းကလေး(၃)

6.8K 524 6
                                        

ဘာသာပြန်သူ YuuKi

အပိုင်း (၇၄) သူ့ကိုကယ်ခဲ့တဲ့မိန်းကလေး(၃)

ချောင်မော့ယွီသည် သူမ၏အရေပြားတစ်လျှောက် အေးစိမ့်သောဆေးကို ခံစားလိုက်ရပြီး ပူစပ်ပူလောင်နာကျင်ရာမှ သက်သာလာတော့သည်။

သူမ၏မျက်လုံးကို ပင့်လိုက်ကာ သိမ်မွေ့သောအသံနှင့် ပြောလိုက်သည်။

“ကျေးဇူးပါနော် ရုပ်ရှင်ဧကရာဇ် ယဲ့”

ထိုသို့ပြောလိုက်ပြီးနောက် သူမကိုယ်သူမ ရယ်ရင်းပြောလိုက်ပြန်သည်။

“ကျွန်မလဲ တစ်နေ့ထဲ ဒီစကားကိုပဲ အခါခါပြောနေမိသလိုပဲ...”

ယဲ့ဖေးချန်းသည် သူမမျက်လုံးကို ငေးကြည့်ပြီး ပြောလိုက်၏။

“ပြောစရာမလိုပါဘူး”

ထို့နောက်တွင် သူသည် ဆေးနှင့်ဝါဂွမ်းကို သူမ၏လက်ကိုင်အိတ်ဘေးတွင် ထားခဲ့ပြီး အဝတ်လဲခန်းမှ ထွက်သွားတော့သည်။

ထို့နေ့တွင်ပင် ရင်ချန်းရုပ်ရှင်မြို့တော်မှ မီးလောင်မှုကို သတင်းများတွင် ကြေညာခဲ့သည်။ အရေးပေါ်လူနာတစ်ယောက်မှ မရှိဘဲ တာဝန်ရှိသူ လူတစ်ယောက်သာလျှင် တရားဥပဒေ၏ အပြစ်ပေးခံရသည်။ အခြား ဆုံးရှုံးမှုကြီးများတစ်ခုမှ မရှိခဲ့ချေ။

သို့သော်ငြား ထိုနေ့ညနေတွင် အဖြစ်အပျက်ပြီးဆုံးသွားပြီး နာရီအနည်းငယ်တွင် မီးလောင်သည့်မြင်ကွင်း မှတ်တမ်းတစ်ခုက အွန်လိုင်းပေါ်တွင် အလျင်အမြန် ပျံ့နှံသွားတော့သည်။

ထိုအချိန်တွင် ရှင်းရီချန်သည် သူ့အိမ်တွင် ရေချိုးပြီးနောက် ခါးတွင် တဘက်တစ်ခုကို ပတ်ကာ ရေချိုးခန်းမှထွက်လာ၏။ ချောင်ရို့ဟွမ်က သူ့ဖုန်းကို ကစားရင်း ဆိုဖာပေါ်တွင် ထိုင်နေသည်ကို တွေ့လိုက်သည်။

ရှင်းရီချန်က သူမဘေးတွင် ဝင်ထိုင်လိုက်ပြီး သူမခန္ဓာကိုယ်လေးကို ဖက်ထားလိုက်သည်။

“ရို့ဟွမ် ကိုယ်တို့တွေ ရေချိုးဆပ်ပြာရည်တစ်ခုထဲ အတူတူသုံးတာတောင် ကိုယ့်ခန္ဓာကိုယ်မှာကျတော့ အနံ့မကျန်ဘဲနဲ့ ညီမဆီမှာကျတော့ ဘာလို့ အနံ့အရမ်းမွှေးနေတာလဲဟင်”

စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်းDove le storie prendono vita. Scoprilo ora