အပိုင်း (၁၃၉) အဓိကအမျိုးသားဇာတ်ဆောင်နှင့် ဇာတ်ပို့အမျိုးသားဇာတ်ဆောင် အားပြိုင်ခြ

4.4K 470 13
                                    

စာစဉ်နာမည်- စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်း
ဘာသာပြန်သူ Yuuki
139

အပိုင်း (၁၃၉) အဓိကအမျိုးသားဇာတ်ဆောင်နှင့် ဇာတ်ပို့အမျိုးသားဇာတ်ဆောင် အားပြိုင်ခြင်း (၃)

သူ့ရှေ့တွင် ဆံပင်ရှည်ကို သာမန်အတိုင်းဖြန့်ချထားသည့် မိန်းကလေးတစ်ယောက်ရောက်နေ၏။ သူမသည် ရေခဲတောင်ထိပ်မှ ပန်းလေးတစ်ပွင့်နှင့်တူသော်လည်း သူမသည် အနီရောင်ဂါဝန်ကို ဝတ်ဆင်ထားသဖြင့် သူမ၏အေးစက်နေသည့် အရောင်အဝါကို နွေးထွေးရိပ်သန်းနေစေသည်။

သူသည် သူမနှင့် မျက်နှာချင်းဆိုင်လိုက်ပြီး ပြုံးကာ

“မော့ယွီ တစ်နေရာရာမှာ သွားထိုင်ကြရအောင်”

ချောင်မော့ယွီသည် ရှင်းရီချန်၏ ထိုသို့သောအပြုအမူကို မြင်လိုက်ရချိန်တွင် တစ်ဖက်လူသည် နောက်ဆုံးတွင် အမှန်တရားကို သိရှိသွားပြီလားဟု စဥ်းစားမိသွားတော့သည်။

မျှော်လင့်ထားတဲ့အတိုင်းပဲ။ အဓိကအမျိုးသားဇာတ်ဆောင်က အထင်ကြီးစရာပဲ။ ငါလေးက သူ့ကို အရိပ်အမြွက်သေးသေးလေးပဲ ပေးခဲ့တာလေ၊ ဒါတောင် အရည်အချင်းရှိရှိနဲ့ မှန်မှန်ကန်ကန် စုံစမ်းနိုင်ခဲ့တယ်တဲ့လား။

ချောင်မော့ယွီသည် သူမ၏နှုတ်ခမ်းတွင် သရော်ပြုံးတစ်ခု ဆောင်ထားလိုက်သည်။

“ ရှင်က ကျွန်မကို အပြင်ထွက်ဖို့ခေါ်ပြီး ပါပါရာဇီတွေကို ဓာတ်ပုံရိုက်ခိုင်းမလို့လား၊ အင်တာနက်ပေါ်က လူတိုင်းက ကျွန်မကို အပျက်မဆိုပြီး ကျိန်ဆဲခံရအောင် လုပ်နေတာလား”

သူမသည် ပခုံးတွန့်ပြလိုက်၏။

“ စိတ်မကောင်းပါဘူး၊ ရှင်နဲ့ အဖော်လုပ်ပေးဖို့ လုံးဝမဖြစ်နိုင်ဘူး”

လျှောက်လမ်း၏ မှိန်ဖျဖျအဝါရောင်မီးရောင်အောက်တွင် ရှင်းရီချန်သည် သူ့ရှေ့မှမိန်းကလေးကို တိတ်ဆိတ်စွာ ငေးကြည့်လိုက်သည်။ သူမသည် သူ့ကို အပြုံးစစ်စစ် ပြုံးပြခဲ့ဖူးသည်မှာ အတန်ကြာသွားဖြစ်ကြောင့် ရုတ်တရက် သတိထားမိသွားတော့သည်။

အစီအစဥ်ရိုက်ကူးရန် ထွက်လာသည့်နေ့က သူမသည် တခြားဧည့်သည်များကို ပြုံးပြခဲ့သည်။ ဒါရိုက်တာကို ပြုံးပြခဲ့သည်။ ကင်မရာမန်းကို ပြုံးပြခဲ့သည်။ သို့သော်ငြား သူသည် သူမနှင့် မျက်နှာချင်းဆိုင် တွေ့လိုက်သည့်အချိန်တိုင်းတွင် သူမ၏မျက်ဝန်းများသည် အမြဲလိုလို အေးစက်နေခဲ့သည်။

စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်းWhere stories live. Discover now