စာစဉ်နာမည်- စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်း
ဘာသာပြန်သူ Yuuki
အပိုင်း ( ၁၆၆) အချိုများများ (၃)
ချောင်မော့ယွီ၏ဖန်များသည် သူမကို အားပေးကြသော်လည်း ယဲ့ဖေးချန်း၏ဖန်များက ပိုများနေ၏။
ချန်းယွီ အတွဲကိုထောက်ခံသည့် ဖန်အုပ်စုသည် တွန်းထုတ်ခံလိုက်ရတော့သည်။ စာမျက်နှာတစ်ခုလုံးကို ရန်သူက သိမ်းပိုငက်ထားတော့သည်။ ချောင်မော့ယွီကို အမှန်တကယ်အားပေးသည့် ဖန်မှာ အထပ်ပေါင်းများစွာသို့ တွန်းချခံလိုက်လေသည်။
သို့သော်ငြား အရာအားလုံး၏ အလယ်တွင်ရှိနေသူ ချောင်မော့ယွီကား ဖြစ်ပျက်နေသမျှကို ဘာတစ်ခုမျှ မသိချေ။
ယနေ့တွင် သူမသည် သူမ၏ပထမဆုံးသော လူသတ်ရမည့်အခန်းကို ရိုက်ကူးနေ၏။
သူမသည် မူလက သာမန်ကျေးတောသူမလေးဖြစ်သော်ငြား မလွဲမရှောင်သာသည့် အခြေအနေများကြောင့် သူမသည် သေနတ်ကိုင်ခဲ့ရ၏။ သို့ရာတွင် သူမ ပထမဆုံး သေနတ်ထုတ်လိုက်ရသည့် အချိန်သည်လည်း နောက်ဆုံးအကြိမ် ဖြစ်နေ၏။
ထိုအချိန်တွင် ချောင်မော့ယွီသည် ချင်းရှီ လမ်းမပေါ်တွင် ရပ်နေပြီး စစ်တပ်အင်းအားများစွာ၏ ချောင်ပိတ်ခြင်း ခံနေရသည်။ သူမ လုပ်နိုင်သည်မှာ အခြားမရှိတော့ပေ။ သို့နှင့် သူမ၏သေနတ်ကို ထုတ်လိုက်ရတော့သည်။ အသက်တစ်ချက်ရှူထုတ်လိုက်သည့် အချိန်ကာလအတွင်း သူမသည် လူသုံးဦး၏ ဦးခေါင်းကို ပစ်ပြီးဖြစ်နေ၏။
သူမ၏မျက်လုံးများမှာ မျှော်လင့်ချက်မဲ့နေသော်လည်း စူးရှပြတ်သားလှပေသည်။ ထိုတင်းမာသည့် အခြေအနေကြောင့် ပေါ်ထွက်လာသည့် ထိုအကြည့်မျိုးသည် ပတ်ဝန်းကျင်ရှိ နေရောင်ကို ပိတ်ဆို့ထားသယောင် ထင်ရလေသည်။
ယဲ့ဖေးချန်းသည် ထိုအချိန်တွင် ရိုက်ကူးရမည့် အခန်းမပါသေးပေ။ သူသည် ရိုက်ကွင်းတွင် ထိုင်လိုက်ပြီး ချောင်မော့ယွီ၏သရုပ်ဆောင်ချက်များကို ကြည့်နေ၏။
သူမ၏သရုပ်ဆောင်ချက်ကို မြင်လိုက်ရသည့် ပထမဆုံးအကြိမ်မှာပင် ယဲ့ဖေးချန်းသည် သူမ၏တိုးတက်မှုကို သေချာလုနီးပါး မြင်လိုက်ရ၏။ သူမသည် တောက်ပသည့်အရောင်တစ်ခုဖြင့် တဖြည်းဖြည်း ဆေးခြယ်လိုက်သည့် စာရွက်ဖြူလေးတစ်ရွက်နှင့် တူလေသည်။
YOU ARE READING
စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်း
Romanceချောင်မော့ယွီ နိုးလာသည့်အချိန်၌ သူမက ဝတ္ထုကမ္ဘာဆီသို့ ရောက်သွားသည်ကို တွေ့လိုက်ရသည်။ ထိုနောက် သည်ဝတ္ထု၏ အမျိုးသားဇာတ်လိုက်ဖြစ်သည့် ကုမ္ပဏီ စီအီးအို၏ မနှစ်မြို့ခြင်းကိုခံရသည့် ဗီလိန်ကောင်မလေး၏ ကိုယ်ထဲသို့ဝင်ရောက်သွားခဲ့သည်။ စီအီးအို၏ ငယ်သူငယ်ချင်...
