အပိုင်း (၁၀၂) စားတော်ပွဲ (၃)

6.2K 517 11
                                        

ဘာသာပြန်သူ Yuuki

အပိုင်း (၁၀၂) စားတော်ပွဲ (၃)

ဟင်းခတ်အမွှေးအကြိုင်မှာ အကန့်အသတ်ဖြစ်နေသဖြင့် ချောင်မော့ယွီသည် ဟင်းသုံးမျိုးကိုသာ ပြင်ဆင်လိုက်တော့သည်။ ငါးနှစ်ကောင်ကို ကြော်လိုက်ပြီး နှစ်ကောင်ကို စတူးဟင်းချက်ကာ ကျန်နှစ်ကောင်ကို မီးကင်ရန်ပြင်လိုက်သည်။ သူမသည် သစ်ကိုင်းတစ်ခုကို ရှာလိုက်ပြီး ငါးကို စကင်လိုက်သည်။

တဖက်တွင် ချောင်ရို့ဟွမ်၏အသင်းမှာ ဖမ်းမိထားသည် မရှိသောကြောင့် အဖွဲ့သားသုံးယောက်သည် မက်မွန်သီးစိမ်းတစ်လုံးစီကို အဆာပြေစားလိုက်ရသည်။

ထိုအချိန်တွင် ရှင်းဝမ်ရွှမ်းအသင်းသည်လည်း မီးမွှေးလိုက်သည်။ လက်ဝါးအရွယ်ငါးတစ်ကောင်နှင့် ကြက်သွန်ဥနီအစိမ်းနှစ်လုံးမှာ အိုးထဲတွင် မျောနေသည်ကလွဲလျင် ဘာမှမရှိချေ။

ချောင်မော့ယွီသည် သူမ၏အရင်ဘဝတွင် သူမမောင်လေးအတွက် မကြာခဏ ချက်ပြုတ်ပေးလေ့ရှိသည်။ သူတို့မောင်နှမနှစ်ယောက်လုံးသည် ငါးစားရသည်ကို ကြိုက်သောကြောင့် သူတို့သည် ငါးဟင်းချက်ရာတွင် အလွန်ကျွမ်းကျင်ကြသည်။

သူမသည် နှပ်ထားသောငါးများကို ယူလိုက်ပြီး မျက်နှာပြင် လေးဘက်လုံး ဝါလာသည်အထိ ကြော်လိုက်လေသည်။

ထို့နောက်တွင် သူမသည် ငါးစတူးဟင်းကို ကြက်သွန်မြိတ်ဖြူးလိုက်ပြီး အသားများသည် စတင် ဖြူလာတော့သည်။

တစ်ဖက်တွင်မူ ရှင်းရီချန်သည် လေယာဥ်ပေါ်မှအစားအသောက်များကို စားလေ့မရှိသောကြောင့် ဘာမှမစားရသေးချေ။ ယခုတွင်သူသည် ငါးဟင်းရည်နံ့ကို ရသွားပြီး သူ့လည်ချောင်းထဲမှ လည်စလုတ်မှာ မြင့်ချည် နိမ့်ချည် ဖြစ်နေတော့သည်။

သူသည် သူနှင့် ၁၀မီတာ မနီးမဝေးတွင်ရှိသော မိန်းကလေးကို ငေးကြည့်နေမိပြီး ချက်ပြုတ်ရာတွင် သူမ စိတ်နှစ်ထားပုံကို မြင်လိုက်ရသောအခါ ရုတ်တရက် သတိလွတ်သွားတော့သည်။

အကြောင်းအရင်းတစ်ခုကြောင့် ဟောင်းနွမ်းနေပြီးသောမှတ်ဉာဏ်တစ်ခုသည် သူ့စိတ်ထဲသို့ ဝင်ရောက်လာခဲ့သည်။

စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်းWhere stories live. Discover now