ဘာသာပြန်သူ - YuuKi
အပိုင်း(၅၀) ဆံပင်နုတ်ခြင်း (၂)
အဲဒါ ချောင်ရို့ဟွမ်ပဲ။ သူမက လူရွေးပွဲကို လာတာလား။ အဲဒါထက် သူမရဲ့နောက်က ဝတ်စုံပြည့်နဲ့ အထက်တန်းဆန်ဆန်နဲ့ လူက ရှင်းရီချန် မဟုတ်ဘူးလား။
ထိုစုံတွဲ လျှောက်လာချိန်တွင် လမ်းတလျှောက် ရှင်းလင်းသွားတော့သည်။ ချောင်ရို့ဟွမ်သည် ချောင်မော့ယွီကို ကျော်လာပြီးနောက် ရုတ်တရက် အံ့ဩသည့်လေသံဖြင့် ပြောလိုက်လေသည်။
“မော့ယွီ နင်လဲ လူရွေးပွဲကိုလာတယ် ဟုတ်လား”
ချောင်မော့ယွီသည် ချောင်ရို့ဟွမ်နှင့် မျက်နှာချင်းဆိုင် တွေ့ဆုံလိုက်သောအခါ မည်သည့်သဘောထားကို ထုတ်ပြရမည်မသိ ဖြစ်သွားတော့သည်။ သို့သော် ဒိုင်ယာရီထဲမှ မူလပိုင်ရှင်နှင့် အမျိုးသမီးဇာတ်လိုက်တို့သည် တစ်ယောက်နှင့် တစ်ယောက် အစေးမကပ်ကြသည်ကို သူမ သတိရသွားသည်။
ချောင်ရို့ဟွမ်သည် အမှန်တကယ် အံ့ဩသွား၍လား သူတို့အချင်းချင်းသိသဖြင့် သူတို့၏ကျော်ကြားမှု ကွာဟချက်ကို ထောက်ပြပြီး သူမကို အရှက်ရစေချင်သဖြင့် လူရှေ့တွင် တမင်တကာ ကြွားဝါချင်၍လား သူမ မသိချေ။ ချောင်မော့ယွီသည် ပုံမှန်အတိုင်း မော့ကြည့်လိုက်ကာ သူမကို ပြုံးပြလိုက်သည်။
“ဟယ်လို”
ချောင်ရို့ဟွမ်သည် သူမ၏တုံ့ပြန်မှုကို အနည်းငယ်အံဩသွားဟန် ပေါ်သည်။ သို့သော် တခဏအတွင်း သူမ၏ ကိုယ်အနေအထားကို ပြင်လိုက်ပြီး ချောင်မော့ယွီကို ခေါင်းညိတ်ပြကာ သူမ၏လက်က ရှင်းရီချန်ကို ချိတ်လိုက်ပြီး ချောင်မော့ယွီဘေးတွင် ထိုင်ချလိုက်သည်။
ရှင်းရီချန်၏မျက်လုံးများသည် ချောင်မော့ယွီကို အနည်းငယ်ကျော်ကြည့်လိုက်ပြီး အေးတိအေးစက်ဖြင့် တစ်ဖက်သို့ လှည့်သွားလေသည်။
ဒါက အခွင့်အရေးကောင်းတစ်ခု ဖြစ်နိုင်တယ်မလား။
ချောင်မော့ယွီသည် ရှင်းရီချန်၏ ခေါင်းကို တစ်ချက်ကြည့်လိုက်ပြီး သူ့ဆံပင်တစ်ချောင်းကို ရယူနိုင်မည့်နည်းလမ်းကို တွက်ချက်နေလိုက်သည်။
ВЫ ЧИТАЕТЕ
စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်း
Любовные романыချောင်မော့ယွီ နိုးလာသည့်အချိန်၌ သူမက ဝတ္ထုကမ္ဘာဆီသို့ ရောက်သွားသည်ကို တွေ့လိုက်ရသည်။ ထိုနောက် သည်ဝတ္ထု၏ အမျိုးသားဇာတ်လိုက်ဖြစ်သည့် ကုမ္ပဏီ စီအီးအို၏ မနှစ်မြို့ခြင်းကိုခံရသည့် ဗီလိန်ကောင်မလေး၏ ကိုယ်ထဲသို့ဝင်ရောက်သွားခဲ့သည်။ စီအီးအို၏ ငယ်သူငယ်ချင်...
