စာစဉ်နာမည်- စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်း
ဘာသာပြန်သူ Yuuki
အပိုင်း ( ၁၀၅) ငါ့ကိုယုံထားလုက် (၃)
သူ့ဘေးတွင် ချောင်မော့ယွီ၏မျက်လုံးများသည် ကျဥ်းမြောင်းသွားကာ ထအော်လိုက်လေသည်။
ယဲ့ဖေးချန်းသည် ထရပ်ပြီးဖြစ်နေသည်။ လရောင်အောက်တွင် သူ့ညာဖက်လက်ညှိုးတွင် သွေးစ နှစ်စသုံးစထွက်နေသည့် ဒဏ်ရာသေးသေးလေးနှစ်ခု ပေါ်နေသည်။ သို့သော် အရောင်မှာ မဲညစ်နေလေသည်။
သူ့ဘေးမှ ချောင်မော့ယွီသည် မျက်မှောင်ကျုံ့ကာ ကြည့်ရင်း ပြောလိုက်လေသည်။
“ ကြည့်ရတာ မြွေက အဆိပ်ရှိတယ်ထင်တယ်”
စီစဥ်သည့်အဖွဲ့သည် ထိုစကားကို ကြားလိုက်ရသောအခါ ချက်ချင်း ပျာယာခတ်သွားတော့သည်။
သို့ရာတွင် မည်သူမှ မတုံ့ပြန်ခင်မှာပင် ချောင်မော့ယွီသည် ယဲ့ဖေးချန်း၏လက်ကောက်ဝတ်ကို လက်တစ်ဖက်ဖြင့် တင်းကျပ်စွာ ဆုပ်ထားပြီး ကျန်လက်တစ်ဖက်သည် သူ့လက်ကောက်ဝတ် အောက်ဖက် သွေးဆုံချက်ရှိရာသို့ ဆင်းသွားကာ သွေးကို သူ့လက်ညှိုးရှိရာဖက်သို့ တွန်းထုတ်လိုက်လေသည်။
ရုတ်တရက်ဆိုသလို သွေးများသည် ဒဏ်ရာမှနေ၍ အမဲရောင်မှ တဖြည်းဖြည်း အရောင် ပြန်ဖျော့လာသည်အထိ အဆက်မပြတ် တစ်စက်စက်ကျသွားလေသည်။
သို့သော် ဒဏ်ရာသည် အလွန်သေးငယ်သည်ဖြစ်ရာ သွေးစက် အနည်းငယ် ကျပြီးသွားသောအခါ သွေးကိုထပ်ထုတ်ရန် ဖိအားပေးဖို့ ခက်သထက် ခက်လာတော့သည်။ ထိုပြဿနာကို သိသွားပြီး ချောင်မော့ယွီသည် ယဲ့ဖေးချန်း၏လက်ကို မြှောက်လိုက်ကာ သူမပါးစပ်ထဲသို့ ထည့်လိုက်လေသည်။
ယဲ့ဖေးချန်းသည် သူမ ဘာလုပ်ရန်ကြိုးစားနေသည်ကို ချက်ချင်းနားလည်သွားသဖြင့် သူ့လက်ကို မြန်မြန် ရုပ်လိုက်လေသည်။
“ မင်း အဆိပ်မိသွားလိမ့်မယ်”
နောက်စက္ကန့်အနည်းငယ်တွင် ယဲ့ဖေးချန်းသည် သူ့လက်ဖဝါးတွင် ထုံကျဥ်မှုကို စတင်ခံစားလာရလေသည်။ ထိုသိသာသော ခံစားချက်အရ မြွေဆိပ်ပြင်းသည်မှာ သိသာလေသည်။
YOU ARE READING
စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်း
Romanceချောင်မော့ယွီ နိုးလာသည့်အချိန်၌ သူမက ဝတ္ထုကမ္ဘာဆီသို့ ရောက်သွားသည်ကို တွေ့လိုက်ရသည်။ ထိုနောက် သည်ဝတ္ထု၏ အမျိုးသားဇာတ်လိုက်ဖြစ်သည့် ကုမ္ပဏီ စီအီးအို၏ မနှစ်မြို့ခြင်းကိုခံရသည့် ဗီလိန်ကောင်မလေး၏ ကိုယ်ထဲသို့ဝင်ရောက်သွားခဲ့သည်။ စီအီးအို၏ ငယ်သူငယ်ချင်...
