ဘာသာပြန်သူ - Yuu Ki
အပိုင်း (၄၄) ရင်ခုန်လှုပ်ရှားရခြင်း (၂)
ချောင်မော့ယွီသည် သူမ၏သားတွင် ဤအတွေးမျိုး ရှိလိမ့်မည်ဟု တစ်ခါမှ မတွေးမိပေ။ သူမသည် သက်ပြင်း ရှည်ကြီး ချမိသွားတော့သည်။ သူမ၏မျက်ဝန်းများသည် အနည်းငယ် စိုစွတ်လာပြီး နှလုံးသားသည်လည်း နွေးထွေးမှုတို့နှင့် ပြည့်နက်သွားတော့သည်။
ချစ်စရာကောင်းလိုက်တဲ့ ကလေးလေး ၊ သူမြန်မြန်ကြီးလာချင်တာ သူမကို ကာကွယ်ပေးချင်လို့တဲ့လေ။
ချောင်မော့ယွီသည် ပိုးတုံးလုံးလေးကို ကောက်ချီလိုက်ပြီး သူလေးကို အားပါးတရ အနမ်းများ ချွေလိုက်တော့သည်။ ထို့နောက် သူမသည် ကလေးကို ပြန်ချလိုက်ပြီး စိတ်ပါလက်ပါ ပြောလိုက်သည်။
“လော့လော့လေး၊ အများကြီးစားလဲ ပေါင်ပေ့လေး ကြီးလာတာကို အကူအညီမဖြစ်ဘူးလေ၊ အဲအစား ပေါင်ပေ့လေးက လွယ်လွယ်နဲ့ နေမကောင်းဖြစ်ပြီး ကြီးလာတာလဲ နှေးသွားမှာပေါ့၊ ပေါင်ပေ့လေး ပုံမှန်အတိုင်းပဲ စားရင်ရပြီနော် ဒါပေမဲ့ အစားတော့ မရွေးရဘူး သိလား၊ အန်တီယွီ ကျွေးတာကိုစားရင် ပေါင်ပေ့လေး မြန်မြန် ကြီးလာလိမ့်မယ်”
ပိုးတုံးလုံးလေးသည် နားထောင်ရင်း ခေါင်းငြိမ့်ပြလိုက်သည်။ သို့သော် ခဏကြာပြီးနောက် သူလေးသည် မဝံ့မရဲဖြင့် ပြောလာသည်။
“ ဒါပေမဲ့ လော့လော့က ကြက်သွန်နီ စားရတာ မကြိုက်ဘူးလေ၊ လော့လော့ အဲဒါကို မစားလို့ မရဘူးလားဟင်”
“ လော့လော့လေးက တစ်ခါ နည်းနည်း စီစားလို့ရတယ်လေ၊ နည်းနည်းလေးပဲစားလေနော်၊ တဖြည်းဖြည်းနဲ့ ကြိုက်လာမှာပေါ့၊ လော့လော့လေး အကျင့်ဖြစ်သွားရင် ကြက်သွန်နီက အရသာ ထပ်မဆိုးတော့ဘူးလေ”
“ဪ.. တကယ်တော့လဲ လော့လော့လေးက အမြဲတမ်း ကြက်သွန်နီ အများကြီးစားပါတယ်”
ကောင်လေးသည် သူ့လက်ချောင်းသေးသေးလေးများနှင့် ဆန်လုံးအရွယ်ကို လုပ်ပြလိုက်သည်။
ချောင်မော့ယွီသည် ရယ်ချင်စိတ် ပေါက်သွားသော်လည်း ပြန်ထိန်းလိုက်ကာ ခေါင်းငြိမ့်ပြလိုက်သည်။

YOU ARE READING
စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်း
Romanceချောင်မော့ယွီ နိုးလာသည့်အချိန်၌ သူမက ဝတ္ထုကမ္ဘာဆီသို့ ရောက်သွားသည်ကို တွေ့လိုက်ရသည်။ ထိုနောက် သည်ဝတ္ထု၏ အမျိုးသားဇာတ်လိုက်ဖြစ်သည့် ကုမ္ပဏီ စီအီးအို၏ မနှစ်မြို့ခြင်းကိုခံရသည့် ဗီလိန်ကောင်မလေး၏ ကိုယ်ထဲသို့ဝင်ရောက်သွားခဲ့သည်။ စီအီးအို၏ ငယ်သူငယ်ချင်...