အခန်း(၂၀) အနက်ရောင်ဦးထုပ် (၂)

7.3K 594 0
                                        

ဘာသာပြန်သူ Yuuki

အခန်း(၂၀) အနက်ရောင်ဦးထုပ် (၂)

သည်စုံတွဲ၏ အငြင်းပွားရမည့်ဇာတ်ဝင်ခန်းက ချောင်မော့ယွီ အိမ်အပြင်ဘက်၌ ရိုက်ကူးရမည်ဖြစ်သည်။ ထိုအချိန်၌ချောင်မော့ယွီက ထွက်ခွာတော့မည့်ပုံမျိုးဖြင့် သူမ၏ဓားကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားကာ စထွက်ရန် လုပ်နေသော်လည်း သူမကို လာတားသည့် ယဲ့ဖေးချန်းနှင့် ထိပ်တိုက် တွေ့လိုက်ရပေသည်။

ထိုလူက သူမ လက်မောင်းကို လက်တစ်ဖက်ဖြင့် ဆုပ်ကိုင်ထားရင်း သူ့မျက်ဝန်းများက နာကျင်မှုများဖြင့် ပြည့်နှက်နေကာ တောင်းဆိုသည့်လေသံမျိုးဖြင့်

"မင်း အခုလက်တုံ့ပြန်ဖို့သွားမယ်ဆိုရင် မင်းသေလိမ့်မယ်"

သူမက ထိုလူ့စကားကို နားမဝင်လေဟန်

"ရှင်ဘာကိုပြောချင်တာလဲ"

"ယန်းအာ သိပ်ပြီး တဇွတ်ထိုးမနိုင်ပါနဲ့ကွာ သေသေချာချာ စဉ်းစားကြည့်ပြီး ကိုယ်တို့ သေချာ စီစဉ်ရအောင်လေနော်"

ယဲ့ဖေးချန်းက ချောင်မော့ယွီပခုံးကို ဆုပ်ကိုင်လိုက်သည်။

သူမက သူ့ကို ကြည့်လိုက်ပြီး ဒေါသထွက်စွာ

"သူက ကျွန်မအဖေ၊ ရှင့်ရဲ့ဆရာလေ။ ဘယ်လိုလုပ် လက်စားချေဖို့စောင့်နိုင်မှာလဲ"

ဒါရိုက်တာ : "ကတ်"

ဒါရိုက်တာက ချောင်မော့ယွီကို ကြည့်ရင်း မျက်မှောင်ကြုံ့လိုက်ကာ အကြံပေးလေသည်။

"မော့ယွီ မင်းအရှေ့မှာ ရှိနေတဲ့လူက မင်းရဲ့ချစ်သူနော်။ မင်းအဖေက လုပ်ကြံခံရတယ်။ ဒါပေမဲ့ မင်းချစ်သူက လက်တုံ့ပြန်ဖို့အတွက် တုံ့ဆိုင်းနေတယ်။ ဒီလိုဆိုရင် မင်းစိတ်ထဲမှာ ဘယ်လိုဖြစ်နေသင့်တာလဲ။ အနည်းငယ် စိတ်ပျက်မှုနဲ့ဝမ်းနည်းကြေကွဲနေမှု ရောပြွန်းနေရမှာလေ။ ပြီးတော့ ဒေါသတောင် နည်းနည်းပါသင့်တာ မဟုတ်ဘူးလား"

ချောင်မော့ယွီက

"တောင်းပန်ပါတယ် ဒါရိုက်တာကြီး ထပ်ကြိုးစားကြည့်ပါ့မယ်"

ပြောရမည်ဆိုလျှင် သူမ သရုပ်ဆောင်နေသည့် ထိုဇာတ်ကောင်က ရန်သူကို လက်စားချေရန် စိတ်တစ်ခုတည်းသာ ရှိပြီးသူမ၏အသက်၊ ဘဝစသဖြင့် သူမကိုယ်သူမ ထည့်တွက်ရန် မေ့နေခဲ့တာဖြစ်သည်။

စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်းWhere stories live. Discover now