အပိုင်း (၁၄၁) ပြင်းရှတဲ့အနမ်း (၂)

4.8K 444 3
                                    

စာစဉ်နာမည်- စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်း
ဘာသာပြန်သူ Yuuki

အပိုင်း (၁၄၁) ပြင်းရှတဲ့အနမ်း (၂)

သူတို့နှစ်ယောက်ကြားတွင် ၂မီတာအကွာအဝေးခန့် ရှိ၏။ သူမသည် သူ့ကို ကြည့်ရင်း တစ်လှမ်းပြီးတစ်လှမ်း အနားးသို့ လျှောက်သွားလိုက်သည်။ သူ့နှုတ်ခမ်းသည် တင်းကျပ်စွာ စေ့ထားပြီး သူ့အကြည့်ထဲတွင် မည်သည့်အလင်းမှ ရှိမနေချေ။

ချောင်မော့ယွီသည် ရုတ်တရက် မဝံ့မရဲဖြစ်သွားကာ မနေနိုင်တော့ဘဲ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်၏။

ယဲ့ဖေးချန်းက ဘယ်လိုလုပ်ပြီး ငါလေးကို အခုချက်ချင်း စားတော့မဲ့ပုံ ဖြစ်နေတာလဲဟင်။ ငါလေး ရှင်းရီချန်နဲ့ လိုက်သွားဖို့တောင် ငြင်းခဲ့တာလေ၊ ပြီးတော့ သူ့ကို ခြေထောက်နဲ့တောင် တက်နင်းခဲ့သေးတယ်လေဟယ်။

လျှောက်လမ်းပေါ်တွင် တိတ်ဆိတ်နေ၏။ ချောင်မော့ယွီသည် နောက်သို့ ဆက်ဆုတ်လာရာ လျှောက်လမ်းဆုံးအထိ ရောက်သွားချိန်တွင် ရှောင်ရှားရန်နေရာပင် မရှိတော့ချေ။

ချောင်မော့ယွီသည် သူမ၏နှုတ်ခမ်းကို သပ်လိုက်ပြီး တစ်ခုခုပြောရန်ကြံလိုက်စဥ် ယဲ့ဖေးချန်း၏ နှုတ်ခမ်းမှာ ပွင့်လာခဲ့သည်။

“ မင်း သူနဲ့ တကယ်လိုက်သွားတော့မယ်လို့ ထင်ခဲ့တာ”

သူသည် နောက်ဆုံးတွင် စကားပြောရန် ဆန္ဒရှိခဲ့လေသည်။ ချောင်မော့ယွီသည် အခြေအနေမှာ နောက်ဆုံးတွင် ပြေလျော့သွားပြီးဟု တွေးလိုက်ပြီး သူ့ကို အပြုံးတစ်ခုနှင့် မျက်နှာချင်းဆိုင်လိုက်လေသည်။

“ ကျွန်မသူ့နောက်ကို လိုက်သွားလို့ သူ့ကို တက်နင်းနိုင်ခဲ့တာပေါ့၊ အခုလောက်ဆို သူ အသေနာနေလောက်ပြီ၊ ဒီတော့ သူ ကျွန်မကို ရိုက်ဖို့ ပြန်တက်လာရင် ရှင် ကျွန်မကို ကာကွယ်ပေးရမှာနော်”

သူမသည် ထိုသို့ပြောလိုက်ပြီးနောက် သူမပြောလိုက်သည့်စကားမှာ ယုတ္တိမတန်ဟု ရုတ်တရက် တွေးမိသွား၏။ အမှန်တွင် ပြီးခဲ့သည့် ဗွီဒီယိုထဲတွင် သူမသည် ထိုကောင်၏ အရိုးနှစ်ချောင်းကို ချိုးခဲ့လေသည်။ သည်တစ်သက်စာတွင် သူမသည် အားနည်းသည့် ငှက်လေးတစ်ကောင် ဖြစ်လာရန်အကြောင်း လုံးဝမရှိလောက်ပေ။

စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်းOù les histoires vivent. Découvrez maintenant