ဘာသာပြန်သူ Yuuki
အပိုင်း( ၈၀) ခြေရာခံခြင်း(၅)
သူမ၏အရင်ဘဝက ဇာတ်လမ်း၏သည်အပိုင်းကိုဖတ်မိချိန်တွင် သူမသည် ဤဇာတ်ကြောင်းကို ထည့်ခြင်းအတွက် စာရေးသူကို အထူးတလည် ဝေဖန်လှောင်ပြောင်ခဲ့သေးသည်။
“ရုပ်ရှင်ဧကရီ၏သစ္စာရှိခွေးလေး စီအီးအို” ဆိုသည့်ဝတ္ထု၏ လူ့ကျင့်ဝတ်ရှုထောင့် သုံးခုမှာ အတန် မလိမ့်တပတ်နိုင်သည်ဖြစ်၍ သူမသည် မကျေလည်သည့်ခံစားချက်တစ်ခု ရှိခဲ့လေသည်။ လူကောင်းများသေလျှင် လူဆိုးများသည်လည်း နှစ်ထောင်ချီ ခံစားသင့်သည် မဟုတ်ပါလား။ ဗီလိန်မိန်းကလေးသည် သူမနှင့် နာမည်သာ မတူခဲ့လျှင် အစောပိုင်းကတည်း ဤဝတ္ထုကို လှည့်ကြည့်မည်မဟုတ်ပေ။
ထိုခဏတွင် လုပေ့ကဲ၏ ဇာတ်သိမ်းကို စဥ်းစားမိလိုက်သောအခါ ချောင်မော့ယွီ၏စိတ်ထဲတွင် သက်ပြင်းသာချနေမိတော့သည်။ လော့လော့လေး အလွန်အိပ်ငိုက်နေသည်ကို သတိထားမိသွားပြီး သူမသည် ကောင်ကလေး၏လက်ကို တွဲကာ အိမ်ပြန်လာခဲ့ တော့သည်။
သူတို့သည် လှေကားပေါ်တက်လာရင်း ချောင်မော့ယွီသည် ဆုံးဖြတ်ချက်တစ်ခု ချလိုက်တော့သည်။ သူမသည် ခါးကိုညွှတ်ကာ ကောင်ကလေးကို ပြောလိုက်၏။
“လော့လော့ မာမား မနက်ဖြန်ကျရင် သားကို ခေါ်သွားရမဲ့နေရာရှိတယ်၊ မာမားက ပြီးခဲ့တဲ့အခေါက်တုန်းလိုပဲ အလုပ်သွားလုပ်ရမှာ၊ လော့လော့က အနီးအနားမှာ ကစားလို့ရတယ်၊ ဟုတ်ပြီလား”
ပိုးတုံးလုံးလေးသည် သူ့မာမားက သူ့အား အလုပ်ကိုခေါ်သွားမည်ဟု ကြားလိုက်သောအခါ ချက်ချင်း ခေါင်းညိတ်ပြလိုက်၏။
ချောင်မော့ယွီသည် သူ့ဆံပင်လေးကို ဖွလိုက်ပြီး ပဟေဠိဆန်ဆန်လေသံတစ်ခုဖြင့် ပြောလိုက်လေသည်။
“ပြီးတော့ လော့လော့လေးက မာမားကို ကူညီပေးရမယ်နော်၊ မာမားက သား ကူညီရမဲ့ဟာကို ပြင်ဆင်ထားပြီးပြီ”
သူမသည် စိတ်ကူးတချို့ ထုတ်ပြီး ဖြစ်သည်။ အမှန်တွင် သူမ လုပ်သည့်အရာတိုင်းတွင် သူလေးကို အတူတူခေါ်သွားခြင်းဖြင့် အနာဂတ်တွင် သူလေး၏ဘဝကို ကြီးမားသောအကျိုးကျေးဇူးများ ယူလာပေးပေလိမ့်မည်။
ВЫ ЧИТАЕТЕ
စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်း
Любовные романыချောင်မော့ယွီ နိုးလာသည့်အချိန်၌ သူမက ဝတ္ထုကမ္ဘာဆီသို့ ရောက်သွားသည်ကို တွေ့လိုက်ရသည်။ ထိုနောက် သည်ဝတ္ထု၏ အမျိုးသားဇာတ်လိုက်ဖြစ်သည့် ကုမ္ပဏီ စီအီးအို၏ မနှစ်မြို့ခြင်းကိုခံရသည့် ဗီလိန်ကောင်မလေး၏ ကိုယ်ထဲသို့ဝင်ရောက်သွားခဲ့သည်။ စီအီးအို၏ ငယ်သူငယ်ချင်...
