အပိုင်း ( ၅၄) နင့်မျက်နှာလေး နာသွားလားဟင် (၃)

6.8K 544 2
                                        

ဘာသာပြန်သူ - YuuKi

အပိုင်း ( ၅၄) နင့်မျက်နှာလေး နာသွားလားဟင် (၃)

ချောင်မော့ယွီ အထွက်တွင် သူမသည် ချောင်ရို့ဟွမ်နှင့် ပခုံးချင်း ယှက်ထိသွားလေသည်။ ချောင်ရို့ဟွမ်သည် သူမအား တည်တည်ငြိမ်ငြိမ်ဖြင့် နှစ်စက္ကန့်ခန့် စူးစမ်းလိုက်ပြီးနောက် ပြုံးကာ သူမ၏မေးကို ပင့်ထားလိုက်သည်။ သူမသည် ချောင်မော့ယွီဘေးက ဖြတ်လျှောက်သွားပြီး လူရွေးခန်းတံခါးကို ယုံကြည်မှုအပြည့်ဖြင့် တွန်းဖွင့်လိုက်လေသည်။

သို့သော်ငြား ချောင်ရို့ဟွမ် တံခါးမှ ဖြတ်ဝင်လာပြီး သိပ်မကြာမီတွင် ယဲ့ဖေးချန်းသည် အခန်းထဲမှ ထွက်သွားနှင့်တော့သည်။

သူသည် ထွက်မသွားဖြစ်သေးသော ချောင်မော့ယွီကို တစ်ချက်ကြည့်လိုက်ပြီး တိတ်ဆိတ်သည့် နေရာတစ်ခုကို ဦးတည်သွားလိုက်ပြီးနောက် သူ့ဖုန်းကို ပြန်ဖြေလိုက်လေသည်။

“အဖေ”

“ဖေးချန်း , အဖေ သားအကူအညီလိုနေလို့....”

ဖေကြီးက ပြောလိုက်၏။

“ အဖေ သားဆီက အရေးကြီးတဲ့အကူအညီ တစ်ချို့တောင်းစရာရှိလို့ ကျန်တဲ့မင်းသမီးတွေကို ရွေးဖို့ ဆက်နေစရာ မလိုတော့ဘူး”

ယဲ့ဖေးချန်း ပြန်ဖြေလိုက်သည်။

“ကောင်းပြီးလေ ၊ ကျွန်တော် အဲဒီကို ချက်ချင်းလာခဲ့မယ်”

လူရွေးခန်းထဲမှ ထွက်လာပြီးနောက်တွင် ချောင်မော့ယွီသည် မကြာသေးခင်က လူရွေးပွဲမှ ရရှိလာသော လှုံ့ဆော်မှုအပြည့်နှင့် သူမလက်ထဲမှ ဇာတ်ညွှန်းကို တဖန် ထပ်စစ်လိုက်လေသည်။ ဇာတ်ညွှန်းဖတ်ပြီးသွားသည်နှင့် ပတ်ဝန်းကျင်တွင် ယဲ့ဖေးချန်း၏ အရိပ်အယောင်ကို မတွေ့ရတော့ချေ။

သူ လူရွေးခန်းထဲ ပြန်ဝင်သွားပြီး နောက်ထပ်ပြိုင်ပွဲနဲ့ သရုပ်ဆောင် နေတာဖြစ်ရမယ်။

တဆက်ထဲတွင် လူရွေးခန်းတံခါး ပွင့်သွားပြီး ချောင်ရို့ဟွမ် ထွက်လာလေသည်။ ယဲ့ဖေးချန်း ခန်းမထဲတွင် မရှိတော့သည်ကို သူမ ချက်ချင်းသတိထားမိသွားသည်။

စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်းWhere stories live. Discover now