စာစဉ်နာမည်- စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်း
ဘာသာပြန်သူ Yuukiအပိုင်း (၁၀၀) စားတော်ပွဲ (၁)
ရှင်းဝမ်ရွှမ်းသည် ရှင်းရီချန် ရောက်အလာကို မျှော်နေရာ အဝေးမှ မီးအလင်းရောင်ကို သတိထားမိလိုက်သောအခါ သူမ၏ညှိုးငယ်နေသောမျက်နှာထားသည် လုံးဝပျောက်ကွယ်သွားပြီး မျှော်လင့်ချက်များနှင့် ပြည့်နက်သွားလေသည်။
ထိုအခိုက်အတန့်တွင် အစီအစဥ်ကို သီးသန့်တိုက်ရိုက်ထုတ်လွှင့်နေသော အခန်း၃ခန်းကို ပိတ်လိုက်ပြီး ဖန်သားပြင်ကြီးတစ်ခုပေါ်တွင် တိုက်ရိုက်ထုတ်လွှင့်မှု ပြောင်းလိုက်သည်။ စခရင်ပေါ်မှ မှတ်ချက်များသည် စိတ်လှုပ်ရှားသဖြင့် တဖန်ပေါက်ကွဲလာပြန်သည်။
“ငါလောင်းရဲတယ် ခေါက်ဆွဲအစပ်ထုပ် တစ်ထုပ်နဲ့ဧည့်သည်က သေချာပေါက် စီအီးအိုရှင်း ပဲဖြစ်ရမယ်၊ ဘာလို့လဲဆိုတော့ မကြီးရို့ဟွမ်ရဲ့ အချစ်မီးတောက်လေးကို ငါခုလေးတင် သတိထားမိလိုက်တယ်”
“ဟုတ်တယ် ဟုတ်တယ် ဟုတ်တယ် ရွှမ်းရွှမ်းပုံကလဲ စိတ်လှုပ်ရှားနေတာဆိုတော့ စီအီးအိုရှင်းက လာတာပဲဖြစ်ရမယ်”
“ ဟယ် ဘုရားရေ ဥက္ကဋ္ဌရှင်းသာဆိုရင် ဒီအပိုင်းရဲ့အစီအစဥ်က အရမ်းမိုက်သွားပြီ”
“သူတို့ထဲကတစ်ယောက်က စီအီးအိုရှင်းဆိုရင် တခြားတစ်ယောက်က နာမည်ကြီးတစ်ယောက်ပဲ ဖြစ်ရမယ်၊ သိပ်မကြာခင်တုန်းက ရိုက်ကူးရေးအဖွဲ့ ပြောထားတာက အမျိုးသားဧည့်သည် နှစ်ယောက်လုံးက ရသစုံအစီအစဥ်မှာ မပါဖူးဘူးတဲ့၊ ဒါဆို ကျန်တဲ့တစ်ယောက်က ရုပ်ရှင်ဧကရာဇ်ယဲ့တော့ မဟုတ်လောက်ပါဘူးနော်”
“ မဟုတ်လောက်ပါဘူး၊ ရုပ်ရှင်ဧကရာဇ်ယဲ့က ဘာလို့ ရသစုံအစီအစဥ်မှာ ပါရမှာလဲ၊ ငါတို့တွေက ဧည့်သည် ဘယ်သူဖြစ်မလဲဆိုတာ စိတ်ဝင်စားနေပေမဲ့လဲ သူ ပါလာဖို့တော့ မဖြစ်နိုင်ဘူး...”
“ ငိုပြီလေ ငါတောင်းပန်ပါတယ် ရုပ်ရှင်ဧကရာဇ်ယဲ့ ရယ်”
“ ရုပ်ရှင်ဧကရာဇ်ယဲ့သာဆိုရင်တော့ ငါချက်ချင်းကို လျှပ်တပြက်ရိုက်ထားလိုက်မှာ”
ESTÁS LEYENDO
စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်း
Romanceချောင်မော့ယွီ နိုးလာသည့်အချိန်၌ သူမက ဝတ္ထုကမ္ဘာဆီသို့ ရောက်သွားသည်ကို တွေ့လိုက်ရသည်။ ထိုနောက် သည်ဝတ္ထု၏ အမျိုးသားဇာတ်လိုက်ဖြစ်သည့် ကုမ္ပဏီ စီအီးအို၏ မနှစ်မြို့ခြင်းကိုခံရသည့် ဗီလိန်ကောင်မလေး၏ ကိုယ်ထဲသို့ဝင်ရောက်သွားခဲ့သည်။ စီအီးအို၏ ငယ်သူငယ်ချင်...