စာစဉ်နာမည်- စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်း
ဘာသာပြန်သူ Yuukiအပိုင်း (၁၈၇) လွမ်းတယ် (၂)
အစီအစဥ်တင်ဆက်သူသည် မိုက်ကို ရွာသားတစ်ယာက်ထံ လှမ်းပေးလိုက်၏။
“ အန်တီ ဘာလို့ အဖွဲ့၃ အတွက် မဲပေးတာလဲ”
မိန်းမကြီးသည် မတ်တတ်ထရပ်လိုက်၏။ သူမသည် ကင်မရာကို ပထမဆုံးအကြိမ်ထိတွေ့ရသည်ဖြစ်၍ စိတ်လှုပ်ရှားနေလေသည်။
“ ဘာလို့လဲဆိုတော့ ငါတို့အိမ်က ရေလှောင်ကန်ကို အဖွဲ့သုံးက မိန်းကလေးက ဖြည့်ပေးသွားတာလေ၊ အဲဒီမိန်းကလေးက မနေ့ညကရော ဒီမနက်ရော ရေသယ်ကူပေးခဲ့တာ၊ သူက အိမ်ထဲမှာ လူရှိမရှိတောင် မကြည့်တော့ဘူး သူမဟာသူမ လုပ်စရာရှိတာ ဆက်လုပ်သွားတာ၊ တောင်ပေါ်က လူတွေက အရမ်းလက်တွေ့ကျရတယ်လေ၊ အဆို အကတွေက သိပ်မလိုအပ်ပါဘူး၊ ဒါကြောင့် အလုပ်လုပ်ချင်စိတ်ရှိတဲ့ ဇွဲရှိလုံ့လရှိတဲ့မိန်းကလေးဆို ငါ တကယ်သဘောကျတယ်”
သူမသည် စကားပြောပြီးသည်နှင့်တပြိုက်နက် အခြားရွာသားများကလည်း တစ်ပြိုင်နက်တည်း ခေါင်းညိတ်လိုက်ကြသည်။
“ဒါကြောင့် ငါမနက်နိုးလာတော့ ရေလှောင်ကန်ဆီလဲရောက်ရော ရေပြည့်နေတာကို တွေ့လိုက်ရတာကိုး၊ ဒီမိန်းကလေးက အရမ်းတော်တာ သိသွားတယ်၊ နင်သာ သူမလုပ်ပေးခဲ့တာလို့မပြောရင် ဘယ်သူလုပ်ပေးသွားလဲဆိုတာ ငါ လုံးဝသိမှာမဟုတ်ဘူး”
တိုက်ရိုက်ထုတ်လွှင့်မှုတွင် ချောင်မော့ယွီ၏ဖန်များနှင့် ချက်ချင်း ပြည့်သွားတော့သည်။
“ယွီကောကောက အရမ်းကြင်နာတတ်တာပဲ၊ အခုတော့ ငါသူ့ကို ပိုချစ်မိသွားပါပြီနော်”
“ ငါတို့မော့ယွီက တကယ့်ကို မှန်ကန်တဲ့အလှူလုပ်နေတာပဲ၊ သူမက ဆုငွေအကြောင်းမတွေးဘဲနဲ့ တိတ်တိတ်လေးလုပ်သွားတာ”
“ယွီကောကော တကယ်တော့ ငါက ဒီအတိုင်းဝင်ကြည့်တဲ့သူပါပဲ၊ ဒါပေမဲ့ အခုတော့ ငါနင့်ဖန်စစ်စစ် ဖြစ်သွားပါပြီနော်”
“ယွီကောကော ကျေးဇူးပြုပြီး ငါ့ကို လက်ထပ်ပါ”
“ငါ့ကို လက်ထပ်ပါ”
![](https://img.wattpad.com/cover/330150701-288-k947207.jpg)
ESTÁS LEYENDO
စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်း
Romanceချောင်မော့ယွီ နိုးလာသည့်အချိန်၌ သူမက ဝတ္ထုကမ္ဘာဆီသို့ ရောက်သွားသည်ကို တွေ့လိုက်ရသည်။ ထိုနောက် သည်ဝတ္ထု၏ အမျိုးသားဇာတ်လိုက်ဖြစ်သည့် ကုမ္ပဏီ စီအီးအို၏ မနှစ်မြို့ခြင်းကိုခံရသည့် ဗီလိန်ကောင်မလေး၏ ကိုယ်ထဲသို့ဝင်ရောက်သွားခဲ့သည်။ စီအီးအို၏ ငယ်သူငယ်ချင်...