ဘာသာပြန်သူ - Yuu Ki
အခန်း (၂၇) ကာကွယ်ပေးခြင်း (၃)
အချိုပွဲအချို့ကို စားပြီးသည်နှင့် သူတို့သုံးယောက်ဟာ ရေအချို့ဝယ်ရန် စူပါမားကတ်ဆီသို့ ထွက်လာခဲ့သည်။ စောင့်ရမည့် အချိန်ကြာမည်စိုးသဖြင့် ချောင်မော့ယွီက ကလေးထိန်းယွီနှင့် လော့လော့ကို ချန်ထားခဲ့ပြီး သူမကတော့ ဟင်းချက်စရာအချို့ သွားရောက် ဝယ်ခြမ်းနေသည်။
ထိုအချိန်၌ ဖက်ရှင်ကျကျဝတ်ဆင်ထားသည့် မိန်းကလေးအချို့က လော့လော့ ဘေးမှ ဖြတ်သွားပြီး နံဘေးရှိ ဗီအိုင်ပီကောင်တာဘက်သို့ လျှောက်သွားသည်။
ကောင်တာ အဝင်ဝ၌ ရှင်းဝမ်ရွှမ်း၏ ကြော်ငြာဓာတ်ပုံကို ကပ်ထားပေသည်။
ထိုမိန်းကလေးအုပ်စုမှ တစ်ယောက်က စကားဝိုင်းကို အသက်သွင်းလိုက်သည်။
" ဒါနဲ့လေ နင်တို့ ရွှမ်းရွှမ်းရဲ့ ဒရမ်မာအသစ်ကို ကြည့်ပြီးကြပြီလား"
"အင်း ငါမနေ့ညက ကြည့်လိုက်တယ်လေ အရမ်းချောတာပဲဟ"
" ဟုတ်ပ ဟုတ်ပ ရွှမ်းရွှမ်းနဲ့ ယဲ့ဖေးချန်းနဲ့က တော်တော်လိုက်တာပဲနော်၊ ဆိုးတာက တစ်ပတ်မှတစ်ပိုင်း လွှင့်မှာဆိုတော့ ဇာတ်ကားကြည့်ဖို့ ငါတို့အကြာကြီး စောင့်ရဦးမှာပဲ"
"အင်းဆို၊ အခုခေတ် ဒရမ်မာတွေက တစ်ပတ်မှတစ်ပိုင်း လွှင့်ကြတာဆိုတော့ မတတ်နိုင်ဘူးလေ၊ စောင့်ရမှာပေါ့၊ ဒါနဲ့မနေ့က မင်းသမီးအသစ် ချောင်မော့ယွီ ပါလာတယ်နော်"
ထိုအရာကို ကြားလိုက်သည်နှင့် လော့လော့က ရုတ်တရက် လှည့်လိုက်ပြီး ထိုမိန်းကလေးများ ရှိရာဘက်သို့ ကြည့်လိုက်သည်။
"အာ နင်ပြောတာက ရုပ်ရှင်လောကဘုရင်ကြီးရယ်ရဲ့ အချစ်ဦးနေရာမှာ သရုပ်ဆောင်တဲ့တစ်ယောက်ကို ပြောတာမလား၊ သူလေးလည်း ချောတယ်ဟ"
"ဘာကိုကြည့်ပြီး ချောတယ်လို့ပြောတာလဲ၊ ပထမဆုံးကြည့်လိုက်တာနဲ့တင် ဒီတစ်ယောက်က မြေခွေးမဆိုတာ ငါပြောရဲတယ်၊ ဒါတောင်မှ သူ့ ဖန်တွေက ဘယ်လိုခေါ်ကြတယ်ဆိုပါလိမ့်၊ ဘာတဲ့၊ ယောက်ျားတိုင်းရဲ့အချစ်တွေကို သိမ်းပိုက်တော့မဲ့ နတ်မိမယ်လေးဆိုပါလား ရယ်စရာပဲ"
![](https://img.wattpad.com/cover/330150701-288-k947207.jpg)
BẠN ĐANG ĐỌC
စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်း
Lãng mạnချောင်မော့ယွီ နိုးလာသည့်အချိန်၌ သူမက ဝတ္ထုကမ္ဘာဆီသို့ ရောက်သွားသည်ကို တွေ့လိုက်ရသည်။ ထိုနောက် သည်ဝတ္ထု၏ အမျိုးသားဇာတ်လိုက်ဖြစ်သည့် ကုမ္ပဏီ စီအီးအို၏ မနှစ်မြို့ခြင်းကိုခံရသည့် ဗီလိန်ကောင်မလေး၏ ကိုယ်ထဲသို့ဝင်ရောက်သွားခဲ့သည်။ စီအီးအို၏ ငယ်သူငယ်ချင်...