အပိုင်း (၇၈) ခြေရာခံခြင်း (၃)

6.7K 503 1
                                        

ဘာသာပြန်သူ Yuuki
အပိုင်း (၇၈) ခြေရာခံခြင်း (၃)

“လော့လော့လေး မာမားပြန်လာပါပြီ၊ မာမားက ပေါင်ပေ့လေးအတွက် လက်ဆောင်တစ်ခုယူလာတယ်”

ထိုအခါကျမှ လော့လော့ သည် တုံ့ပြန်လာလေသည်။ သူလေးသည် အားပါးတရပြုံးလိုက်ပြီး လက်ဆောင်လေးကို ဝမ်းပန်းတသာလက်ခံလိုက်သည်။ ချောင်မော့ယွီပြန်လာသည်ကို မြင်လိုက်ရသောအခါ သူလေးသည် သူ့နှုတ်ခမ်းသေးသေးလေးကို ချက်ချင်း အနားကပ်လိုက်ပြီး သူ့မာမားပါးပေါ် အနမ်းတစ်ပင် စိုက်လိုက်ပြီး နူးညံ့သော အမှတ်အသားနှစ်ခုကို ချန်ခဲ့လိုက်သည်။

“ မာမားက ပေါင်ပေ့လေးကို လွမ်းနေတာ၊ မာမားက ပြန်လာချင်တာကြာပြီလေ အခုမှပဲ ပေါင်ပေ့လေးကို ဖက်ရတော့တယ်ကွာ”

ချောင်မော့ယွီသည် စကားပြောလိုက်ရင်း ကိုယ်ကိုညွှတ်ကာ လော့လော့လေးနှင့် အကြည့်ချင်းဆုံလိုက်လေသည်။

“သားက မာမားကို လွမ်းဘူးလား”

ကောင်ကလေးသည် သတိမထားမိဘဲ ခေါင်းညိတ်ပြလိုက်၏။ သို့သော်ငြား ချောင်မော့ယွီ၏ ပြင်းပြသောအကြည့်ကို သတိထားမိသွားသောအခါ သူ့မျက်နှာသေးသေးလေးသည် မြန်မြန်ဆန်ဆန် နီရဲသွားပြီး သူလေး၏ ပြည့်ဖောင်းဖောင်းလက်များကို တစ်ခုနှင့်တစ်ခု ထပ်ထားလေသည်။ ရှက်စိတ်ဖြင့် မျက်လွှာထူထူများကို ချထားလေသည်။

ချောင်မော့ယွီသည် အော်ရယ်လိုက်သော်လည်း သူလေးကို လွှတ်မပေးပေ။ သူမသည် မမြင်ချင်ဟန်ဆောင်ကာ ထပ်မေးလိုက်လေသည်။

“ ကလေးလေးက စကားမပြောဘူးပေါ့လေ၊ မာမားကို လွမ်းလားလို့”

သူမ ထောက်ပြလိုက်သည်ကို ကြားလိုက်သော ပိုးတုံးလုံးလေးသည် ပျာယာခတ်သွားပြီး ချက်ချင်း ရှင်းပြနေတော့သည်။

“လော့လော့က မာမားအကြောင်းကို စဥ်းစားနေတာ”

ချောင်မော့ယွီ၏နှုတ်ခမ်းထောင့်မှ အပြုံးတစ်ခု ထွက်ကျလာတော့သည်။

“ ချစ်မွှေးလေးရေ ဘာလို့ အဲလောက်ချစ်ဖို့ကောင်းနေရတာလဲလို့”

စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်းWhere stories live. Discover now