အခန်း(၁၂) ရိုးရှင်းသော အဖြူရောင်ဝတ်စုံနှင့်အလှလေး (၃)

5.3K 539 3
                                    

အခန်း(၁၂) ရိုးရှင်းသော အဖြူရောင်ဝတ်စုံနှင့်အလှလေး (၃)

ရှင်းရီချန်ကို တစ်ချက်မျှ ကြည့်လိုက်ပြီးသည်နှင့်  ချောင်မော့ယွီသည် သူမ ဖတ်လက်စ ဇာတ်ညွှန်းစာအုပ်ကို ဆက်ဖတ်နေလိုက်သည်။ သူမ သရုပ်ဆောင်ရမည့် ဇာတ်ကွက်များကို လေ့ကျင့်နေစဉ် မည်ကဲ့သို့ အမူအရာနှင့် လှုပ်ရှားမှုမျိုးက ဇာတ်ရုပ်နှင့် ပိုလိုက်မလဲဟူသည်ကို အလေးအနက် တွေးတောနေမိသည်။

ချောင်မော့ယွီသည် သူမ ယခင်ဘဝက သိုင်းလောက၏ ပရိသတ် အကြီးစားတစ်ယောက်ဖြစ်ခဲ့သည်။ ထိုကြောင့် အားလပ်ချိန်၌ မကြာခဏ သူမ အစ်ကိုဖြစ်သူနှင့်အတူ သိုင်းကွက်တချို့ ကစားလေ့ရှိသည်။ အခုတော့ ကင်မရာရှေ့၌သူမကိုယ်တိုင် သရုပ်ပြရတော့မည်ဖြစ်ရာ သူမနှင့် လုံးဝ စိမ်းသက်ကာ အတွေ့အကြုံမရှိသည့် သရုပ်ဆောင်ပညာကို လေးလေးနက်နက် သင်ယူလေ့လာရန် လိုအပ်ပေသည်။

မူလခန္ဓာကိုယ်ပိုင်ရှင်၏လက်ကောက်က သူမနှင့် မည်သို့မည်ပုံ ပတ်သက်နေမှန်းမသိသော်လည်း ထိုမိန်းကလေး၏ဆန္ဒကို ဖြည့်ဆည်းပေးရန် ကတိပေးထားပြီးဖြစ်ရာ ၁ဝဝရာခိုင်နှုန်း အပြည့်အဝ အာရုံစိုက်ကာ အားထုတ်ကြိုးစားရပေမည်။

ယနေ့၌ ချောင်မော့ယွီနှင့် ယဲ့ဖေးချန်းသည် ဝါးရုံတောထဲက ဇာတ်ဝင်ခန်းကို တူတူသရုပ်ဆောင်ရမည် ဖြစ်သည်။ ဇာတ်ညွှန်းအရ အမျိုးသားဇာတ်လိုက်က ဒဏ်ရာရနေပြီး သူ့ငယ်သူငယ်ချင်းက ဒဏ်ရာကို ပတ်တီးစည်းပေးရမည့်အခန်းဖြစ်သည်။

အမျိုးသားဇာတ်လိုက်က ငယ်သူငယ်ချင်း အကြောင်းကို ပြန်လည် လွမ်းဆွတ်သတိရနေမှာဖြစ်သည့်အတွက် ချောင်မော့ယွီနှင့် ယဲ့ဖေးချန်းတို့ ယနေ့ သိုင်းလေ့ကျင့်နေသည့် ဇာတ်ဝင်ခန်း အများအပြား ရိုက်ကူးရမည်ဖြစ်သည်။

ဒါရိုက်တာက နောက်တစ်ခန်းအတွက် ကြိုတင်ပြင်ဆင်ထားရန် အချက်ပြလိုက်ရာ ရှောင်စုက ဇာတ်ညွှန်းလေ့လာရာ၌ စီးမျောနေသော ချောင်မော့ယွီကို လက်ဖြင့်လှမ်းတို့ကာ အလျင်အမြန် သတိပေးလိုက်သည်။

"မမမော့ယွီရေ လာတော့"

ရှောင်စု အနည်းငယ်စိုးရိမ်နေသည်။

စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်းOù les histoires vivent. Découvrez maintenant