စာစဉ်နာမည်- စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်း
ဘာသာပြန်သူ Yuukiအပိုင်း (၁၄၆) ပြတ်စဲခြင်း (၁)
ရှင်းရီချန်၏ စကားလုံးများသည် ချောင်ရို့ဟွမ်ကို ပို၍ စိတ်ရှုပ်သွားစေတော့သည်။ သူသည် အလွန်ဖြစ်နိုင်ခြေရှိသည့် တစ်စုံတစ်ခုကို သိနေသယောင် သူမ ခံစားလိုက်ရ၏။
သူအခုပြောလိုက်တဲ့ စကားတွေက ငါ့ကို တမင်စမ်းသပ်ချင်လို့ ပြောလိုက်တာများလား။ တကယ်လို့ ငါရဲ့အဖြေသာ ခိုင်မာမှုမရှိရင် ငါ့ကိုယ်ငါ ဖော်ထုတ်သလို ဖြစ်သွားတော့မှာပဲ။
ပြီးတော့ ရှင်းရီချန်သာ တစ်ခုခု ရှာတွေ့ထားပြီး အထောက်အထားရှိတာ မှန်ရင် သူဘာလို့ အခု မပြောလိုက်တာလဲ။
သို့နှင့် ချောင်ရို့ဟွမ်သည် ရှင်းရီချန်၏အကြည့်ကို လက်ခံလိုက်ပြီး သူမ၏နှုတ်ခမ်းကို လှောင်နေဟန် လုပ်ထားလိုက်ပြီး
“ ဪ တခြားသူရဲ့ ပျော်ရွှင်မှုတဲ့လား၊ ချောင်မော့ယွီ အကြောင်း ပြောနေတာတော့ မဟုတ်ဘူးမလား၊ သူမရဲ့အိမ်တံခါးရှေ့မှာ မိနစ် ၂၀လောက် သစ္စာရှိခွေးတစ်ကောင်လို စောင့်လိုက်ရတာ သနားစရာကောင်းတာပေါ့၊ တစ်ဖက်လူ ထွက်လာပြီး ရှင့်ကို အရိုးဆုမချလိုက်ဘူးလား၊ ဆုမချဘူးမလား”
သူမသည် အေးစက်စက် ပြုံးလိုက်ပြီး
“ပြီးခဲ့တဲ့ ရက်တွေတုန်းက အစီအစဥ်ရိုက်ကူးနေတုန်း တစ်ယောက်ယောက်ကို အလျင်စလို သွားရှာခဲ့တာ ဒါကြောင့်လား၊ အစားအစားနေတုန်းကလဲ ရှင် တစ်ချိန်လုံး သူမနဲ့ စကားပြောချင်နေခဲ့တာ ကျွန်မ သေချာတွေ့ခဲ့သားပဲ၊ ဒါပေမဲ့ သူမရဲ့မျက်လုံးထဲမှာ ယဲ့ဖေးချန်းပဲရှိတာလေ၊ တကယ်လို့ ဒီနေ့သာ တံခါးလာခေါက်တဲ့သူက ယဲ့ဖေးချန်းသာဆိုရင် ဘယ်လိုအဖြေမျိုး ထွက်လာလောက်မလဲ သိချင်လိုက်တာ၊ သေချာတာတော့ သူ ပိတ်ထားတဲ့တံခါးကိုပဲ တွေ့ရမှာမဟုတ်ဘူး၊ သူတို့တွေ ....”
ချောင်ရို့ဟွမ်သည် အမုန်းတရားများနှင့် ပြောထုတ်လိုက်ပြီး စကားတစ်ခွန်းချင်းသည် နောက်ဆုံးတစ်ခွန်းထက် ပို၍ ကြမ်းတမ်းခက်ထန်နေတော့သည်။ သူမ၏ စိတ်ထဲရှိသမျှ မကောင်းသည့်ခံစားချက်အားလုံးကို ထုတ်ပြောလိုက်လေ၏။ လူတိုင်း၏မျက်လုံးထဲတွင် ရှင်းရီချန်သည် သူမ၏ခင်ပွန်းလောင်းဖြစ်သော်ငြား သူသည် အခြားသောမိန်းမတစ်ယောက်အတွက် သူမကို ထေ့လုံးများနှင့် ပြောဆိုနေလေသည်။

ESTÁS LEYENDO
စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်း
Romanceချောင်မော့ယွီ နိုးလာသည့်အချိန်၌ သူမက ဝတ္ထုကမ္ဘာဆီသို့ ရောက်သွားသည်ကို တွေ့လိုက်ရသည်။ ထိုနောက် သည်ဝတ္ထု၏ အမျိုးသားဇာတ်လိုက်ဖြစ်သည့် ကုမ္ပဏီ စီအီးအို၏ မနှစ်မြို့ခြင်းကိုခံရသည့် ဗီလိန်ကောင်မလေး၏ ကိုယ်ထဲသို့ဝင်ရောက်သွားခဲ့သည်။ စီအီးအို၏ ငယ်သူငယ်ချင်...