စာစဉ်နာမည်- စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်း
ဘာသာပြန်သူ Yuuki
114
အပိုင်း (၁၁၄) မင်းက ဘယ်လိုနေနေလှတယ် (၃)“ သူတို့နှစ်ယောက်ကလိုက်တယ်နော်၊ ချန်းယွီအတွဲက လိုက်ဖက်တဲ့အတွဲပဲ၊ အမလေး ငါတော့ နှာခေါင်းသွေးထွက်တော့မှာပဲ”
“ ငါလဲ ချန်းယွီအတွဲကို ထောက်ခံနေပါပြီ၊ ကြည့်လေ၊ ငါ့ရုပ်ရှင်ဧကရာဇ် လောင်ကုန်းက သူ့ခေါင်းက ပန်းကုံးကို မဖယ်လိုက်ဘူး၊ သူ ပြုံးတောင်နေလိုက်သေးတယ်”
“အမှန်ပဲ၊ ငါ့လောင်ကုန်းက ပြုံးနေယုံမကဘူး တခြားအမျိုးသမီး ခိုးသွားတာတောင် ခံနေလိုက်သေးတယ်၊ အီး ဟီး.. ဒါပေမဲ့ မမမော့ယွီက အရမ်းချစ်စရာကောင်းတယ်လို့ ငါ ဘာလို့ထင်နေတာလဲမသိဘူး၊ ခုနတုန်းက သစ်ပင်ပေါ်တက်နေတုန်းကတောင် မျောက်တစ်ကောင်နဲ့ တူနေသေးတယ်”
“မစ္စတာပြည့်စုံလွန်းက မော့ယွီရှေ့ရောက်သွားရင် နှိမ့်ချသွားတယ်လို့ မထင်ဘူးလား၊ မစ္စတာပြည့်စုံလွန်းရဲ့ တခြားဖက်ခြမ်းကို မြင်ခွင့်ရအောင်လုပ်ပေးလို့ ကျေးဇူးပါ မော့ယွီရေ၊ နင်တို့နှစ်ယောက် တကယ်အတည်ဆိုရင် ငါ နင်တို့ကို ဆုတောင်းပေးနေမှာနော်”
ထိုအချိန်တွင် တစ်စုံတစ်ယောက်သည် ချင်းချန်ချန်လည်း ပန်းကုံးစွပ်ထားသည်ကို တွေ့သွားလေသည်။
“ ဟယ် မနေ့တုန်းက ဒီမိသားစုသုံးယောက် ထမင်းအတူတူစားကြခဲ့တယ်”
“အိုက်ယား ကင်မရာမန်းမှာရော ဘာလို့ပန်းကုံးရှိနေတာလဲ”
“ ဒါရိုက်တာကြီးရေ ကင်မရာမန်းက ကျော်ကြားမှုတွေကို ခိုးယူနေတာ သိရဲ့လား”
“ကင်မရာမန်းက မိသားစုသုံးယောက်ရဲ့ လှပတဲ့အနေအထားကို ဖျက်ဆီးလိုက်တဲ့ နို့ထိန်းမေမေရုံ နဲ့သွားတူနေတယ်”
(T/N : နို့ထိန်းမေမေရုံ _ ဟွမ်ကျူးကော့ကော့ ထဲက မိဖုရားကြီးကို ခစားရတဲ့ ရန်ဖက်တစ်ယောက်ပါ၊ သူတို့နှစ်ယောက်ပေါင်းပြီး ဇာတ်ဆောင်မင်းသမီးကို လုပ်ကြံခဲ့တာ၊ နို့ထိန်းမေမေရုံက အဓိကဇာတ်ဆောင်မင်းသမီးနဲ့ ဒုတိယမင်းသမီးကို နှိပ်စက်အနိုင်ကျင့်လေ့ရှိတယ်)
VOCÊ ESTÁ LENDO
စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်း
Romanceချောင်မော့ယွီ နိုးလာသည့်အချိန်၌ သူမက ဝတ္ထုကမ္ဘာဆီသို့ ရောက်သွားသည်ကို တွေ့လိုက်ရသည်။ ထိုနောက် သည်ဝတ္ထု၏ အမျိုးသားဇာတ်လိုက်ဖြစ်သည့် ကုမ္ပဏီ စီအီးအို၏ မနှစ်မြို့ခြင်းကိုခံရသည့် ဗီလိန်ကောင်မလေး၏ ကိုယ်ထဲသို့ဝင်ရောက်သွားခဲ့သည်။ စီအီးအို၏ ငယ်သူငယ်ချင်...