ဘာသာပြန်သူ YuuKi
အပိုင်း (၆၇) နားလည်ရခက်သော အကျွမ်းဝင်မှု (၇)
“ ‘အရုဏ်ဦးရဲ့လင်းရောင်ခြည်’ ဇာတ်လမ်းကို မကြည့်ဘူးလို့ပြောခဲ့တာကို ပြန်ရုပ်သိမ်းတယ်နော်၊ အခုကစပြီး စီးရီးတွေကို စကြည့်တော့မယ်”
“ ငါလဲ ဒီဒရာမာကို ကြည့်တော့မယ်၊ မျှော်နေပါပြီနော်”
........
ဖုန်းတောက်က ဒါကို မမျှော်လင့်ထားခဲ့လေဘူး။ ဒါပေမဲ့ တစ်နာရီလေးအတွင်းမှာပဲ ချောင်မော့ယွီနဲ့ ယဲ့ဖေးချန်း နှစ်ယောက်လုံးရဲ့ Weiboက ချီးမွှမ်းစကားတွေနဲ့ ပြည့်သွားပြီး လူတွေရဲ့ သဘောထားကလဲ လုံးဝ ပြောင်းလဲသွားတော့တယ်။
ဒရာမာမှတ်ချက်ကဏ္ဍရှိ ဆိုးဆိုးရွားရွား ပေါက်ကွဲထားသည့်မှတ်ချက်များကလည်း တဖြည်းဖြည်း လျော့နည်းသွားပြီး အပြုသဘောဆောင်သည့်မှတ်ချက်များက အစားထိုးဝင်ရောက် လာသည်။ အားလုံးက စောင့်မျှော်နေကြသည့်အတွက် ဒရာမအဖွဲ့သားများကို ဒရာမာနှင့် ပတ်သက်သည့် သတင်းအတိုအစလေးများကို အချိန်နှင့် တပြေးညီတင်ပေးရန် တောင်းဆိုနေကြ၏။ သို့သော်လည်း ပထမအအပိုင်း မလွှင့်မှီအထိ အတော်ကြာအောင် တိတ်ဆိတ်နေသည့်အတွက် ပရိသတ်များက မစောင့်ဘဲ မနေနိုင်အောင်ဖြစ်နေကြတော့သည်။
ထိုဆွေးနွေးချက်တစ်ခုကို မြင်ရသည်မှာ စိတ်ချမ်းသာစရာဖြစ်သည့်အတွက် ဖုန်းတောက်က သူတို့ကို ကတိပေးလိုက်သည်။
“ ကောင်းပါပြီ ခင်ဗျာ၊ အားလုံးရဲ့ ဂရုစိုက်မှုကို ကျေးဇူးတင်တဲ့အနေနဲ့ သတင်းအတိုအစလေးတွေကို ပုံမှန်တင်ပေးသွားပါ့မယ်”
ထိုနေ့ညတွင် ချောင်မော့ယွီသည် ယဲ့ဖေးချန်းက သူမကို အွန်လိုင်းပေါ်တွင် ချီးကျူးထားသည်ကို တွေ့လိုက်ရပြီး ထိုပူလောင်နေသော မှတ်ချက်များလဲ လျော့သွားသည်။ သူမသည် ရုတ်တရက် စိတ်သက်သာရာ ရသွားတော့၏။
ချောင်မော့ယွီသည် ရေချိုး အဝတ်စားလဲပြီးနောက် အိပ်မပျော်သဖြင့် အိပ်ရာထဲတွင် လဲနေလိုက်သည်။ သူမသည် မကြာမီက ဖြစ်ပျက်သွားသော သည်ဖြစ်ရပ်ကို မစဥ်းစားဘဲ မနေနိုင်အောင် အကြိမ်ကြိမ် စဥ်းစားနေမိလေသည်။
YOU ARE READING
စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်း
Romanceချောင်မော့ယွီ နိုးလာသည့်အချိန်၌ သူမက ဝတ္ထုကမ္ဘာဆီသို့ ရောက်သွားသည်ကို တွေ့လိုက်ရသည်။ ထိုနောက် သည်ဝတ္ထု၏ အမျိုးသားဇာတ်လိုက်ဖြစ်သည့် ကုမ္ပဏီ စီအီးအို၏ မနှစ်မြို့ခြင်းကိုခံရသည့် ဗီလိန်ကောင်မလေး၏ ကိုယ်ထဲသို့ဝင်ရောက်သွားခဲ့သည်။ စီအီးအို၏ ငယ်သူငယ်ချင်...
