အပိုင်း ( ၁၈၃) အနမ်းတစ်ခုအစပြုခြင်း (၁)

4.9K 332 4
                                        

စာစဉ်နာမည်- စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်း
ဘာသာပြန်သူ Yuuki

အပိုင်း ( ၁၈၃) အနမ်းတစ်ခုအစပြုခြင်း (၁)

ချောင်မော့ယွီသည် ယဲ့ဖေးချန်း၏ကျောပေါ်သို့ မှီလိုက်ပြီး သူမ၏နှုတ်ခမ်းကို အနည်းငယ်လှုပ်ရှားကာ ပြောလိုက်လေသည်။

“ ခဏလောက်နားလိုက်ရင် ကောင်းသွားမှာကို ကိုကို ညီမကို ချီစရာမလိုပါဘူး”

သူမသည် ဘယ်တုန်းကမှ နူးညံ့သည့်လူတစ်ယောက်မဟုတ်သလို အကြောင်းအရင်းမရှိ ညည်းညူတတ်သည့်သူမျိုးလည်း မဟုတ်ပေ။

သို့သော် ယဲ့ဖေးချန်းသည် သူမ၏စကားလုံးများကို လျစ်လျူရှုလိုက်ပြီး သူမကို ဖက်လိုက်ကာ မတ်တတ်ရပ်လိုက်တော့သည်။

ဒါသည် သူ့ကျောပေါ်တွင် သူမကို ချီပိုးထားသည်မှာ ပထမဆုံးအကြိမ် မဟုတ်တော့ပေ။ နောက်ဆုံးအကြိမ်မှာ သူတို့အစီအစဥ်ရိုက်ကူးတုန်းကဖြစ်ပြီး သူသည် သူမကို ချီပိုးထားသည့်အတွက် အားလုံးကရယ်မောခဲ့ကြသည်။ ထိုအချိန်က ယဲ့ဖေးချန်းသည် သူမကို ချီပိုးရသည်ကို သဘောကျသွားသော်လည်း သူမကို ချစ်မြတ်နိုးနေခဲ့မိသည်ကို သတိမထားမိခဲ့ပေ။

ယခု၌ သူမသည် သူ့ကျောပေါ်တွင် ရှိနေပြီး သူနှင့် သူမ၏ နူးညံ့ပျော့ပြောင်းသည့် ခန္ဓာကိုယ် အကြားရှိအထိအတွေ့တို့သည် သူ့ရင်ကို လှုပ်ရှားနေစေတော့သည်။ သူသည် သူမကို ကျောပေါ်တွင် တစ်သက်လုံးချီပိုးထားပြီး လော့လော့ နှင့် သူမကို သာယာသည့်အနာဂတ်တစ်ခု ပေးရန် ဆန္ဒရှိလေသည်။

ကောင်းကင်သည် တဖြည်းဖြည်း လင်းရှင်းလာသော်လည်း တောင်တစ်လျှောက်တွင် မြူများ ဆိုင်းနေသေးသည်။ နှစ်ဦးသားသည် တောင်ကိုဖြတ်လာပြီး ကျေးငှက် ပိုးကောင်တို့၏အသံကို နားထောင်ရသည်မှာ လောကကြီးတွင် သူတို့သာ ရှိနေသည့်နှယ်။

ပြန်ရောက်လာရန် နာရီဝက်ခန့် အချိန်ကြာသော်လည်း ယဲ့ဖေးချန်းသည် အပြန်လမ်းကို မိနစ်နှစ်ဆယ်သာ အချိန်ယူခဲ့လေသည်။

ရှေ့တွင် ကျောင်းကို မြင်ရသည်နှင့် ယဲ့ဖေးချန်းသည် ချောင်မော့ယွီကို အောက်ချပေးလိုက်ပြီး မေးလိုက်၏။

စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်းDonde viven las historias. Descúbrelo ahora