အပိုင်း (၇၇) ခြေရာခံခြင်း (၂)

5K 466 4
                                    

ဘာသာပြန်သူ Yuuki
အပိုင်း (၇၇) ခြေရာခံခြင်း (၂)

သို့သော်ငြား သူ ဖုန်းခေါ်နေစဥ်ခဏအတွင်း ချောင်မော့ယွီ၏ဖန် အမြောက်အများသည် အင်တာနက်ပေါ်တွင် ပေါ်လာလေသည်။ သူတို့၏ဝေဖန်ချက်များမှာ အလွန်ကျိုးကြောင်းဆီလျော်ကာ မှန်ကန်သော အတွေးများဖြစ်လေသည်။ သူတို့သည် အခြေအနေကို အစီအစဥ်တကျ ခွဲခြမ်းပြလိုက်ပြီး ထို ဆန့်ကျင်နေသည့်ဖန်များကို အရှက်ရအောင် လုပ်လိုက်တော့သည်။

တစ်ချက်ကြည့်လိုက်သည်နှင့် ဒါသည် ငှားရမ်းထာသောအသင်းမှ လုပ်ဆောင်လိုက်သည်ကို သိလိုက်သည်။ သူ မစဥ်းစားဘဲ မနေနိုင်တော့ချေ။

‘ဘယ်သူလုပ်လိုက်တာပါလိမ့်’

ချောင်မော့ယွီ၏ဒရာမာအဖွဲ့သားများသည် သူမကို ထောက်ခံသော်လည်း ထိုလူထုအမြင်ကို အလျင်အမြန် ချုပ်ငြိမ်းသွားအောင် ငွေအမြောက်အများသုံးလိမ့်မည်မဟုတ်ပေ။ ထိုကြောင့် တစ်စုံတစ်ယောက်က နောက်ကွယ်မှနေ၍ သူမကို ကူညီနေတာ ဖြစ်ရမည်။

သို့သော်ငြား ချောင်မော့ယွီ၏ပတ်ဝန်းကျင်မှ လူတိုင်းနှင့်သူသည် ရင်းနှီးလေသည်။

ဘယ်သူက သူမကို ကူညီလိုက်တာဖြစ်မလဲ။

ရှင်းရီချန်အိမ်နှင့် သိပ်မဝေးလှသော နောက်စံအိမ်တစ်ခုတွင် ဖေကြီးယဲ့နှင့် ဆရာဟွမ်တို့သည် ကွန်ပျူတာရှေ့တွင် ကိုယ်ကိုညွှတ်လျက် ကြည့်နေကြသည်။

သူတို့နှစ်ယောက်သည် ချောင်မော့ယွီ၏ မှတ်ချက်ကဏ္ဍရှိ အပြောင်းအလဲများကို ကြည့်နေကြရင်း သူတို့၏ အံ့ဩစိတ်ကို မထိန်းနိုင်ဖြစ်သွားကြ၏။

ဆရာဟွမ်က မေးလိုက်၏။

“မစ္စတာယဲ့ ဒါ ခင်များအဖွဲ့က လုပ်လိုက်တာလား”

ဖေကြီးယဲ့ ခေါင်းခါပြလိုက်သည်။

“ကျွန်တော် အမိန့်ပေးလိုက်ချိန်တောင် မရလိုက်ဘူး၊ ဘယ်သူကများ သူမအတွင် လက်ဦးမှုရယူပေးခဲ့တာလဲ မသိဘူး”

“ ဖေးချန်းများလား”

ဆရာဟွမ်သည် ဖန်သားပြင်ကိုကြည့်ရင်း စားပွဲကို ခေါက်နေလိုက်သည်။ သူ့မျက်နှာပေါ်တွင် အဓိပ္ပာယ်ပါသောအပြုံးတစ်ခု ထွက်ပေါ်လာတော့သည်။

စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်းOù les histoires vivent. Découvrez maintenant