အပိုင်း (၉၇) နှိုင်းယှဥ်ခြင်းများ (၂)

6.2K 526 4
                                        

စာစဉ်နာမည်- စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်း
ဘာသာပြန်သူ Yuuki

အပိုင်း (၉၇) နှိုင်းယှဥ်ခြင်းများ (၂)

“ငါ ပေါင် ၉၀လေးပဲရှိတာတောင် ငါ့ရည်းစားက ငါ့ကို မချီနိုင်ဘူး၊ ဒါပေမဲ့ သူက ငါ့ကို အမြဲတမ်းဝတယ်လို့ ပြောနေတာတော့၊ မမမော့ယွီ ရည်းစားလေးတစ်ယောက်လောက် လိုချင်သေးလားဟင်၊ မမအတွက် ငါ့ရည်းစားကို ဖြတ်လိုက်တော့မလို့”

“မကြီးမော့ယွီနဲ့ဆို အတူတူရှိရင် လုံခြုံတယ်လို့ မခံစားရဘူးလား၊ ကြည့်ပါအုံး ၊ သူမ ချန်ချန်ကို ပိုးပြီး တောင်ပေါ်တက်နေတာ ၁၀မီတာလောက်ရှိသွားပြီ  ဒါပေမဲ့ သူမအတွက် မြေပြန့်မှာလမ်းလျှောက်နေတာနဲ့ ဘာမှမကွာသလိုပဲ”

“ကိုကြီးယွီ လက်ထပ်ဖို့ လူရှာနေတယ်”

“ကိုကြီးယွီ လက်ထပ်ဖို့ လူရှာနေတယ်”

နောက်ပိုင်းတွင် လိုက်ဖ်လွှင့်ခန်းတွင် လူများ တဖြည်းဖြည်း ပိုများလာတော့သည်။ ‘လက်ထပ်ဖို့ လူရှာနေတယ်’ ဆိုသည့် စကားစုသည် စခရင်မ် တွင် ပြည့်သွားလေသည်။

ခဏကြာပြီးနောက် တစ်စုံတစ်ယောက်က မှတ်ချက်ပေးလာသည်။

“ဘုရားရေ ကိုကြီးယွီ ချန်ချန်ကို ပိုးထားတာ ၁၀မိနစ်ကျော်သွားပြီ ဟုတ်တယ်ဟုတ်၊ သူမ အခုထိတောင် မရပ်သေးဘူးတော့”

“ဟုတ်ပါ့ ကိုကြီးယွီက အရမ်းချောတာပဲ၊ ဝူလီနတ်ဘုရားတစ်ပါးပဲ”

(T/Nဝူလီ - ကိုရီယားစကားဖြင့် ‘ချောမောသည်’ ဟု အဓိပ္ပာယ်ရပြီး တရုတ်ဗန်းစကားအဖြစ် သုံးသည်)

“ ဝူလီ နတ်ဘုရား ဟ”

ထိုနောက်တွင် စခရင်သည် မှတ်ချက်များနှင့် တစ်ဖန် ပြန်ဝေဆာလာပြန်သည်။

တဖက်တွင် အားတက်သရောအားပေးနေကြသောဖန်များကို လုံးဝသတိမထားမိဘဲ ချန်ချန်ကို ကျောပိုးကာ မြစ်ဘေးသို့ ရောက်လာလေသည်။

ထိုအချိန်တွင် ကျန် နှစ်သင်းမှာ ရောက်တာကြာနေပြီဖြစ်ပြီ ရှင်းဝမ်ရွှမ်းနှင့် သူ့အဖော်သည် သူတို့၏တဲကို ဆောက်ပြီးဖြစ်သည်။ ကျိုးယွမ်ချွမ်သည်  ရိုက်ကူးရေးပစ္စည်းများကို ချည်လိုက်ပြီးနောက် ငါးမျှားသွားလိုက်သည်။ တခြားတစ်ဖက်တွင် ချောင်ရို့ဟွမ်သည် မီးဖိုလုပ်နေပြီး ဝမ်ခုံးမင်က ငါးမျှားချိတ်ကို တပ်နေသည်။

စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်းOnde histórias criam vida. Descubra agora