အပိုင်း (၁၃၈) အဓိကအမျိုးသားဇာတ်ဆောင်နှင့် ဇာတ်ပို့အမျိုးသားဇာတ်ဆောင် အားပြိုင်ခြ

6.3K 459 6
                                        

စာစဉ်နာမည်- စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်း
ဘာသာပြန်သူ Yuuki

138

အပိုင်း (၁၃၈) အဓိကအမျိုးသားဇာတ်ဆောင်နှင့် ဇာတ်ပို့အမျိုးသားဇာတ်ဆောင် အားပြိုင်ခြင်း (၂)

ယဲ့ဖေးချန်းသည် ခေါင်းညိတ်ပြရင်း မတ်တတ်ရပ်လိုက်ပြီးနောက် လော့လော့ကို အရင်ကောက်ချီလိုက်လေသည်။

ချောင်မော့ယွီသည် ဆိုင်ပိုင်ရှင် သူဌေးကို အသိပေးလိုက်ပြီးနောက် တစ်ဖက်လူ၏ လှိုက်လှိုက်လှဲလှဲ နှုတ်ဆက်အပြီးတွင် ဆိုင်မှထွက်လာခဲ့တော့သည်။

အပြန်လမ်းတွင် ကားအတွင်းမှ အခြေအနေသည် အရင်ကလောက် ပေါ့ပါးမနေချေ။

ယဲ့ဖေးချန်းသည် ကားနောက်ခန်းတွင် ထိုင်နေသည့် ချောင်မော့ယွီကို ကြည့်လိုက်ပြီး သေချာနားလည် သွားတော့သည်။ သူသည် စကားစမပြောခဲ့လျှင် အဖြေပြန်ရရန် မည်မျှစောင့်ရတော့မည် မသိပေ။

နောက်ဆုံးတွင် သူတို့သည် ချောင်မော့ယွီအိမ်နားသို့ ရောက်လာ၏။ သူမသည် လော့လောကို ပွေ့ကာ ကားပေါ်မှ ဆင်းလိုက်ပြီးနောက် ယဲ့ဖေးချန်းနှင့် မျက်နှာချင်းဆိုင်လိုက်၏။

“ဂိုဏ်းတူအစ်ကို ကျွန်မတို့ကို အိမ်လိုက်ပို့ပေးလို့ ကျေးဇူးပါနော်”

ယဲ့ဖေးချန်းသည်လည်း ကားပေါ်မှဆင်းကာ လိုက်ပို့ပေးလိမ့်မည်ဟု မထင်မိခဲ့ပေ။ သူသည် ချောင်မော့ယွီ၏လက်ထဲမှ လော့လော့ကို ယူလိုက်ပြီး သူ့ပခုံးပေါ်သို့ တင်လိုက်လေသည်။

ကောင်လေးသည် ကောက်ချီခံလိုက်ရပြီးနောက် ရယ်မောကာ ဝမ်းသာအားရ လက်ခုပ်တီးလိုက်လေသည်။ အခြေအနေသည် ချက်ချင်းလိုပင် ပြေလျော့သွားတော့သည်။

ယဲ့ဖေးချန်းသည် ချောင်မော့ယွီ၏အိမ်နားအထိ လိုက်လာခဲ့သည်။ သူမအိမ်ရာအတွင်းရှိ ဓာတ်လှေကားနား ရောက်လာသည်အထိ တစ်လျှောက်လုံး လိုက်လာခဲ့လေသည်။ ထိုအချိန်ကျမှ သူသည် လော့လော့ကို ချပေးလိုက်၏။ မျက်ဝန်းများထဲမှ နွေးထွေးသောအကြည့်ဖြင့် ချောင်မော့ယွီကို ကြည့်ကာ ပြောလိုက်လေသည်။

စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်းМесто, где живут истории. Откройте их для себя