စာစဉ်နာမည်- စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်း
ဘာသာပြန်သူ Yuukiအပိုင်း (၁၅၁) သူ့မိဘနှင့်တွေ့ဆုံခြင်း (၃)
ချောင်မော့ယွီသည် ဖေကြီးယဲ့နောက်လိုက်သွားလိုက်၏။ သူမသည် နံရံတွင် စီထားသည့် စာအုပ်စင်ကို ကြည့်လိုက်လေသည်။ ဖေကြီးယဲ့ကပြောလိုက်၏။
“ မိန်းကလေးချောင် ထိုင်ပါ”
ချောင်မော့ယွီ ထိုင်ချလိုက်သည်။
“ အန်ကယ် ကျွန်မပေးလိုက်တဲ့ သစ်ကြားသီးတွေ ရသလားဟင်”
ဖေကြီးယဲ့ ခေါင်းညိတ်ပြလိုက်၏။
“ အဲဒီပေါ်မှာ ထွင်းထားတဲ့ဟာတွေကိုတော့ သိပ်နားမလည်ဘူး၊ မိန်းကလေးချောင်က ကူညီပြီး အဓိပ္ပာယ်ဖော်ပေးဖို့လိုနေလို့ပါ”
ချောင်မော့ယွီသည် သူမတွေးထားသည့်အတိုင်း ဆက်ပြောလိုက်လေသည်။
“ အန်ကယ် ဒါက ကျွန်မနဲ့ ကိုကြီးယဲ့ ရိုက်ကူးရေးလုပ်တဲ့နေ့တုန်းကလေ ကျွန်မတွေ့လိုက်ရတယ်၊ ကျွန်မဆရာထက်စာရင်တော့ ကျွန်မှာ အရည်အချင်းအနည်းငယ်ပဲရှိတာဆိုပေမဲ့ ဒါက တကယ်ပါ၊ ကျွန်မ လေ့လာစရာအတွေ အများကြီးရှိသေးတယ်ဆိုပေမဲ့လေ ကြယ်တွေရဲ့လမ်းကြောင်းကို ကြည့်ရင်း တွေ့လိုက်ရတယ်၊ အန်ကယ် နောက်လအတွင်း ခရီးဝေးသွားလို့ မသင့်တော်ဘူး”
“ ခရီးမသွားရဘူးဆိုတာ ဘာအဓိပ္ပာယ်လဲ”
ဖေကြီးယဲ့သည် ဇဝေဇဝါဖြစ်သွားတော့သည်။
အမှန်တွင် သူသည် ချောင်မော့ယွီကို ခေါ်ရခြင်းမှာ သစ်ကြားသီးပေါ်မှာ စာကြောင့်မဟုတ်ဘဲ သူ့ ချွေးမလောင်းကို တွေ့ဖူးချင်သောကြောင့်သာ ဖြစ်ပေသည်။
သို့သော် ချောင်မော့ယွီ၏စကားကို နားထောင်ပြီးနောက်တွင် ဖေကြီးယဲ့သည် ပို၍ အာရုံစိုက်မိလာတော့သည်။
“ ဘယ်တော့လဲဆိုတော့ ကျွန်မလဲ တိတိကျကျမပြောတတ်ဘူး၊ ဒါပေမဲ့ နောက်လအတွင်း အထူးသဖြင့် လေယာဥ်နဲ့ ခရီးသွားရင် အန္တရာယ်ကြုံရနိုင်တယ်”
ချောင်မော့ယွီသည် တတွတ်တွတ်ရွတ်ကာ ပြောလိုက်လေသည်။
စီးပွားရေးသမားအားလုံးနီးပါးသည် အန္တရာယ်ကင်းရန် အမြဲ အလေးထားရာ ခရီးမသွားသင့်ဟု ပြောလိုက်သည်နှင့် ဖေကြီးယဲ့သည် အလိုလိုပင် အပြင်မသွားတော့ပေ။
VOCÊ ESTÁ LENDO
စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်း
Romanceချောင်မော့ယွီ နိုးလာသည့်အချိန်၌ သူမက ဝတ္ထုကမ္ဘာဆီသို့ ရောက်သွားသည်ကို တွေ့လိုက်ရသည်။ ထိုနောက် သည်ဝတ္ထု၏ အမျိုးသားဇာတ်လိုက်ဖြစ်သည့် ကုမ္ပဏီ စီအီးအို၏ မနှစ်မြို့ခြင်းကိုခံရသည့် ဗီလိန်ကောင်မလေး၏ ကိုယ်ထဲသို့ဝင်ရောက်သွားခဲ့သည်။ စီအီးအို၏ ငယ်သူငယ်ချင်...