အခန်း(၅) ဘယ်သူ့ကလေးလဲ
အချိန်အနည်းငယ် ကြာသွားပြီးနောက် ရှင်းရီချန်က သူ့ဆံပင်ကို ခြောက်အောင်သုတ်လျက် ရေချိုးခန်း အပြင်ဘက်သို့ ထွက်လာပေသည်။ သူ့ခန္ဓာကိုယ်နှင့် ပတ်သက်၍ ရှင်းရီချန်က စိတ်အချဉ်ပေါက် နေပေသေး၏။
သို့သော် ချောင်မော့ယွီကို ထပ်မတွေ့ရလေတော့ သူ့စိတ်အခြေအနေဟာ အနည်းငယ်တိုးတက်လာပေသည်။ ထို့နောက် ရှင်းရီချန်က အဝတ်အစားအမြန်လဲပြီးနောက် ရုံးခန်းအပြင်ဘက်သို့ ထွက်သွားပေ၏။
ထိုလူ၏ ခြေသံကို ကြားလိုက်ရသည်နှင့် ချောင်မော့ယွီက အနောက်ကနေ တိတ်တိတ်လေး လိုက်လာပေသည်။ ရှင်းရီချန် ရုံးခန်းထဲက ထွက်သွားသည်နှင့် တစ်စုံတစ်ယောက်ကို အမိန့်ပေးဖို့ သွားရမှာက ဖြစ်သင့်သော်လည်း ထိုအစားသူဟာ သူ့အဖိုးတန်လက်များဖြင့် ကြမ်းပြင်ပေါ်မှ တစ်စုံတစ်ရာအား ကောက်ယူလိုက်သည်ကို ချောင်မော့ယွီမှ တွေ့လိုက်ရသည်။
ရှင်းရီချန် ကောက်ယူလိုက်သည့်အရာကို မြင်သွားသည့်အခါ၌ ချောင်မော့ယွီသည် တိတ်တိတ်လေး ကျိန်ဆဲလိုက်မိပေသည်။
ဘာလို့လဲဆိုတော့ ဒီလူဟာ ယွမ်၁၀၀ ကိုကောက်ရသွားတာဖြစ်လို့ပါပဲ။
ရှင်းအောင်ပြောရမယ်ဆိုရင် ဒီလူက သူမရဲ့လည်ပင်းကိုလျက်ခဲ့တာပဲလေ။ ဒီလိုဆိုရင် သူမအသားကို ထိတာပဲမဟုတ်ဘူးလား။ ဒီအတွက်ကြောင့် ယွမ် ၁၀၀ ကောက်ရတယ်ပေါ့လေ။ ဆိုလိုချင်တာက ဘဝခြားသွားတာတောင်မှ ငါလေးရဲ့ကံကောင်းမှုတွေက လိုက်လာသေးတယ်ဆိုတဲ့ သဘောလား။
ရှင်းရီချန်က ပိုက်ဆံအား ကောက်လိုက်ပြီး အနီး၌ ရှိသည့် ဌာနဝန်ထမ်းများဆီ သွားပြီး မေးလေသည်။
"ဘယ်သူ ယွမ်၁၀၀ ကျကျန်ခဲ့တာလဲ"
ဝန်ထမ်းများက သူတို့ပိုက်ဆံအိတ်ကို စစ်ဆေးလိုက်ပြီးတော့ ခေါင်းခါပြကာ
"သူဌေးရှင်း ဒီပိုက်ဆံက ကျွန်တော်တို့ဟာမဟုတ်ဘူးဗျ"
"အတွင်းရေးမှူး ကော်ဖီငါးခွက် မှာလိုက်ပြီးတော့ ဒီဌာနကလူတွေကို ကော်ဖီတိုက်လိုက်"
YOU ARE READING
စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်း
Romanceချောင်မော့ယွီ နိုးလာသည့်အချိန်၌ သူမက ဝတ္ထုကမ္ဘာဆီသို့ ရောက်သွားသည်ကို တွေ့လိုက်ရသည်။ ထိုနောက် သည်ဝတ္ထု၏ အမျိုးသားဇာတ်လိုက်ဖြစ်သည့် ကုမ္ပဏီ စီအီးအို၏ မနှစ်မြို့ခြင်းကိုခံရသည့် ဗီလိန်ကောင်မလေး၏ ကိုယ်ထဲသို့ဝင်ရောက်သွားခဲ့သည်။ စီအီးအို၏ ငယ်သူငယ်ချင်...
