စာစဉ်နာမည်- စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်း
ဘာသာပြန်သူ Yuukiအပိုင်း (၈၂) ခြေရာခံခြင်း (၇)
“ ဪ ဪ ဒါက တာအိုရသေ့ခေါင်းဆောင် ချင်းရင် ပေါ့”
သူသည် ပြောလိုက်ရင်း သူ့အကြည့်များသည် ချောင်မော့ယွီ၏ခါးလောက်သာရှိသည့် လော့လော့ဆီ ရောက်သွားသည်။ သူက ဆက်ပြီး
“ဒါဆို ဒီဘက်က_”
ချောင်မော့ယွီသည် စကားနားထောင်တတ်သည် လော့လော့လေးကို တစ်ချက်ကြည့်လိုက်ပြီး လုပေ့ကဲကို ပဟေဠိဆန်ဆန်လေသံဖြင့် ပြောလိုက်သည်။
“ ဒါက ဘာသာရေးသီခြားဂိုဏ်းရဲ့ ၃၂ဆက်မြောက်ဆက်ခံသူဖြစ်တဲ့ ငါ့တပည့်လေးပဲ ၊ သူက ငယ်သေးတော့ သူ့မှာ တာအိုဘွဲ့မရှိသေးဘူး၊ သူ့ကို လော့လော့ လို့ခေါ်လို့ရတယ်”
“ ဒါဆို ဒါက လော့လော့ရသေ့လေးပေါ့”
လုပေ့ကဲသည် ကောင်လေးကို ပြုံးပြလိုက်လိုက်ရာ ပိုးတုံးလုံးလေးကလဲ သူလေး၏ ချစ်စရာ သွားတက်သေးသေးများကို ပေါ်အောင် သွားဖြီးကာရယ်ပြလိုက်လေသည်။
ချောင်မော့ယွီသည် တစ်ချက်ကြည့်ပြီး ပြောလိုက်၏။
“ ပြင်ဆင်ကြမယ်”
လုပေ့ကဲသည် သူမကို ခေါင်းညိတ်ပြလိုက်ပြီး ခြံဝင်းအလယ်က စားပွဲတစ်လုံးဆီ ခေါ်သွားလိုက်သည်။
ဘေးတွင် လုပေ့ကဲ၏သူငယ်ချင်းက ချောင်မော့ယွီကို အကဲခတ်နေသည်။ သူတို့အားလုံးသည် သူမက အရမ်းငယ်လွန်းသည်ဟု ခံစားလိုက်ရသဖြင့် ခေါင်းကို ခါရင်း သက်ပြင်းချလိုက်တော့သည်။ သို့သော် သူမသည် သူတို့ကို ဂရုမစိုက်ဘဲ ကြိုတင်ပြင်ဆင်လာသော ပစ္စည်းများကို ထုတ်ကာ ပြင်ဆင်လိုက်သည်။
ဖယောင်းတိုင်သုံးချောင်း၏ရှေ့တွင် ကြေးဖလားတစ်လုံးထားလိုက်သည်။ ချောင်မော့ယွီသည် ဖယောင်းတိုင်ကို မီးညှိလိုက်ပြီး သူမ၏ မက်မွန်ဓားကိုထုတ်လိုက်ပြီး မန္တန်ကို စ,ရွတ်လိုက်သည်။
တစ်ဖက်တွင် လော့လော့လေးသည် အတွေ့အကြုံရှိပြီးဖြစ်ရာ လိုက်သရုပ်ဆောင်လိုက်၏။ သူလေးသည် ခြံထဲရှိ သဖန်းပင်အိုကြီးအောက်တွင် ရပ်လိုက်ပြီး သူ့မာမား လုပ်သမျှကို လိုက်တုနေလေသည်။
YOU ARE READING
စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်း
Romanceချောင်မော့ယွီ နိုးလာသည့်အချိန်၌ သူမက ဝတ္ထုကမ္ဘာဆီသို့ ရောက်သွားသည်ကို တွေ့လိုက်ရသည်။ ထိုနောက် သည်ဝတ္ထု၏ အမျိုးသားဇာတ်လိုက်ဖြစ်သည့် ကုမ္ပဏီ စီအီးအို၏ မနှစ်မြို့ခြင်းကိုခံရသည့် ဗီလိန်ကောင်မလေး၏ ကိုယ်ထဲသို့ဝင်ရောက်သွားခဲ့သည်။ စီအီးအို၏ ငယ်သူငယ်ချင်...