စာစဉ်နာမည်- စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်း
ဘာသာပြန်သူ Yuuki
133
အပိုင်း (၁၃၃) ငါ့ကိုလဲ ခေါ်ပါ (၃)ယဲ့ဖေးချန်းသည် ကားထဲတွင်ထိုင်ကာ စာပို့လိုက်ပြီး သူမ၏ပြန်စာကို စောင့်နေလိုက်သည်။ နှစ်မိနစ်ကျော်သွားသော်လည်း ပြန်စာကား ရောက်မလာချေ။ ကားပြတင်းပေါက်မှန်ပေါ်တွင် တံခါးခေါက်သံနှစ်ချက်ကို ကြားလိုက်ရလေသည်။
သူသည် အမှတ်မဲ့ လှည့်ကြည့်လိုက်ပြီးနောက် အပြင်ဖက်တွင် တာအိုရသေ့ကြီးတစ်ယောက်နှင့် ရသေ့ငယ်တစ်ယောက်တို့သည် ရပ်ကာ သူ့ကို ပြုံးပြနေလေသည်။
ယဲ့ဖေးချန်းသည် ထိုအခိုက်အတန့်တွင် ဖော်ပြလို့မရသည့် ခံစားချက်တစ်ခုဖြစ်သွားတော့သည်။ သူသည် မျက်ခုံးနှစ်ခုကြားနေရာလွတ်ကို ပွတ်သပ်လိုက်ပြီး ကားတံခါးကို ဖွင့်ကာ ထွက်လာခဲ့သည်။
“မင်းတို့ တစ်ယောက်ယောက်အတွက် နောက်ထပ် အလင်းဖွင့်ပေးမလို့လား”
ယဲ့ဖေးချန်းက မေးလိုက်၏။
ချောင်မော့ယွီက ခေါင်းညိတ်ပြလိုက်စဥ် လော့လော့သည် ယဲ့ဖေးချန်းဆီသို့ ပျော်ရွှင်စွာ ခုန်လိုက်ပြီး နို့နံ့သင်းနေသည့် အသံလေးဖြင့်
“ဦးဦး”
ယဲ့ဖေးချန်းသည် ငုံကြည့်လိုက်ချိန်တွင် ကောက်ညှင်းပေါက်စီလေးသည် သူ့ခြေထောက်ကို ဖက်ထားသည်ကို တွေ့လိုက်ရလေသည်။ ပေါက်စီလေးသည် တာအိုဝတ်စုံကို ဝတ်ဆင်ထားရာ ခေါင်း အစခြေအဆုံး ဖြူဆွတ်ကာ နူးညံ့နေတော့သည်။ ခေါင်းကို ပြန်မော့လိုက်ချိန်တွင် မဲနက်ကာ စပျစ်သီးရောင်မျက်ဝန်းများက သူ့ကို ပြုံးပြလိုက်၏။
ယဲ့ဖေးချန်းသည် အတိတ်က ကလေးသေးသေးလေးများကို တစ်စက်ကလေးမျှ မချစ်တတ်ချေ။ သို့ရာတွင် လော့လော့နှင့် တွေ့ဆုံပြီးသွားသည့်နောက်ပိုင်းတွင် သူသည် ထိုကောင်ကလေးကို နှလုံးသားထဲမှနေ၍ အမှန်တကယ် ချစ်မြတ်နိုးခဲ့လေသည်။
သူသည် လော့လော့ကို ကောက်ချီလိုက်ပြီး မျက်လုံးခြင်းဆုံကာ
“လော့လော့ ဘယ်သွားကြမှာတုံး”
ကောင်ကလေးသည် ယဲ့ဖေးချန်းကို သူတို့မိသားစုဝင်ထဲမှ တစ်ယောက်အဖြစ် သတ်မှတ်ပြီးဖြစ်ရာ သူသည် ပြန်ဖြေလိုက်၏။
ESTÁS LEYENDO
စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်း
Romanceချောင်မော့ယွီ နိုးလာသည့်အချိန်၌ သူမက ဝတ္ထုကမ္ဘာဆီသို့ ရောက်သွားသည်ကို တွေ့လိုက်ရသည်။ ထိုနောက် သည်ဝတ္ထု၏ အမျိုးသားဇာတ်လိုက်ဖြစ်သည့် ကုမ္ပဏီ စီအီးအို၏ မနှစ်မြို့ခြင်းကိုခံရသည့် ဗီလိန်ကောင်မလေး၏ ကိုယ်ထဲသို့ဝင်ရောက်သွားခဲ့သည်။ စီအီးအို၏ ငယ်သူငယ်ချင်...