အခန်း (၃၉) မျက်နှာချင်းဆိုင်တွေ့ဆုံခြင်း (၆)

7.1K 576 7
                                        

ဘာသာပြန်သူ - Yuu Ki

အခန်း (၃၉) မျက်နှာချင်းဆိုင်တွေ့ဆုံခြင်း (၆)

စင်မြင့်ထက်၌ မောင်နှမနှစ်ဦးသား တွေ့ဆုံလိုက်ကြသည်နှင့် ရှင်းရီချန်က သူ့ညီမကို ပွေ့ဖက်လိုက်သည်။ ထိုနောက်ဒါရိုက်တာကို ပြုံးပြလိုက်ပြီး

" ရှန်းရှီဒရမ်မာရဲ့ အောင်မြင်မှုအတွက် ဂုဏ်ပြုပါတယ်"

ဒါရိုက်တာကလည်း ရှင်းရီချန်ကို  ပြန်ပြုံးပြလိုက်သည်။ ထိုအချိန်၌ သတင်းထောက်တစ်ယောက်က ရှင်းရီချန်ဆီသို့မိုက်ပေးလိုက်ပြီး

" မစ္စတာရှင်းရေ မစ္စစ်ရို့ဟွမ်နဲ့ အခြေအနေ ဘယ်လိုရှိလဲဆိုတာ ဖြေပေးလို့ရမလား"

ရှင်းရီချန်က ဒါရိုက်တာနှင့် စကားပြောနေစဉ် စင်ထောင့်ဘက်၌ ရှိနေတာဖြစ်သည်။ ထိုအချိန်၌ သူ့ ညာဘက်မှ ချောင်မော့ယွီက စင်​၏ အခြားတစ်ဖက်သို့ ရွှေ့သွားသည်ကို မြင်လိုက်ရလေရာ ရှင်းရီချန်မျက်နှာ အနည်းငယ်ပျက်ယွင်းသွားမိသည်။

သူမ မျက်နှာထက်၌ ပေါ့ပေါ့ပါးပါး အမူအရာသာ တည်ရှိနေပြီး သူမ နှုတ်ခမ်းများကလည်း ပြုံးယောင်သမ်းနေသည်။ ရှင်းရီချန်ကို အင်တာဗျူးနေသည့် သတင်းထောက်က ရှင်းရီချန်​၏ မျက်နှာအမူအရာ ပျက်ယွင်းသွားသည်ကို သတိမပြုမိခဲ့ပေ။

ရုတ်တရက် ရှင်းရီချန်က တစ်စုံတစ်ခုကို သတိပြုမိသွားသည်။ ကြည့်ရသည်မှာ သူ ချောင်မော့ယွီကို ဟိုတလောက သူ့ရုံးခန်းမှ နှင်ထုတ်လိုက်သည့်အချိန်မှစ၍ ချောင်မော့ယွီက သူ့ကို ရုံးခန်း၌ နောက်ထပ် လာမရှာတော့ခြင်းပင်။

အတိတ်ကာလက ချောင်မော့ယွီမှာ သူ့ကို ချဉ်းကပ်ရန် အကြောင်းရင်းအမျိုးမျိုးကို ရှာဖွေနေခဲ့ပြီး သူ စကားကြမ်းများဖြင့် ငြင်းဆန်သော်လည်း သူမက တုတ်တုတ်မလှုပ်ဘဲ နောက်တစ်ကြိမ် သူတို့တွေ့သည့်အချိန်တိုင်း သူ့ကို အမြဲ ပြုံးပြနေလေ့ရှိသည်။

ရှန်းရှီဒရမ်မာ ရိုက်ကွင်းကို သူ လာလည်ခဲ့သောအချိန်ကလည်း ချောင်မော့ယွီက သူ့ကို မမြင်ချင်ယောင် ဆောင်ခဲ့သေးသည်။ ထိုအချိန်က သူနှင့် သူမကြား အကွာအဝေးက သုံးလေးမီတာမျှသာ ကွာဝေးသော်လည်း သူမကမူ သူ့ကို ရှိလေသည်ဟုပင် သဘောမထားခဲ့ပေ။

စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်းМесто, где живут истории. Откройте их для себя