စာစဉ်နာမည်- စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်း
ဘာသာပြန်သူ-Yuuki
128
အပိုင်း (၁၂၈) အဖြစ်မှန် (၁)
ချောင်ရို့ဟွမ်သည် ရှင်းဝမ်ရွှမ်းက သူမကို အထင်လွဲသွားမှန်း သိလိုက်သော်လည်း ရှင်းပြရန် အခွင့်အရေး မရခဲ့ချေ။
သူမသည် မနေ့က ရှင်းဝမ်ရွှမ်း သူမကို ပေးခဲ့သည့် ရှီးပတီးကို သေချာမကြည့်လိုက်မိသဖြင့် အတုမှန်းမသိခဲ့ချေ။
ချောင်ရို့ဟွမ်သည် အနည်းငယ်ပူပန်လာပြီး ရှင်းရီချန်ကို ဖျန်ဖြေစေချင်မိသည်။ ချောင်ရို့ဟွမ်သည် သူမ၏အသစ်ရောက်လာသည့် ပူပန်မှုဆီသို့ အာရုံရောက်နေစဥ် လူငယ်တစ်သိုက်သည် သူမဆီ ချဥ်းကပ်လာခဲ့သည်။
သူတို့ထဲမှတစ်ယောက်သည် အရည်အသွေးမြင့် သစ်ကြားသီးတစ်စုံကို စိတ်ဝင်စားသဖြင့် စျေးမေးနေ၏။
“ ၅၀၀၀ ဆိုရမလား”
သူမ၏လက်ရှိပူပန်မှုများကြောင့် ချောင်ရို့ဟွမ်သည် ပါးစပ်ထဲရှိသည့်အတိုင်း ပြန်ဖြေလိုက်၏။
“ ၆၀၀၀ ဆိုရင်ကော”
“ကောင်းပြီ”
ကောင်လေးသည် သူ့ဖုန်းကိုထုတ်ကာ ငွေကို ချက်ချင်းလွဲပေးလိုက်လေသည်။
ထိုတုံ့ပြန်မှုသည် လူအများ၏အကြည့်ကို ဆွဲဆောင်နေတော့သည်။ လိုက်ဖ်လွှင့်နေသည့်ကဏ္ဍတွင် ချောင်ရို့ဟွမ်၏ဖန်များသည် အောင်ပွဲခံနေကြသည်။
ချောင်ရို့ဟွမ်၏သစ်ကြားသီးများ တဖန်ရောင်းထွက်သွားသည်ကို မြင်လိုက်ရပြီးနောက် အမုန်းတရားတို့သည် ရှင်းဝမ်ရွှမ်း၏မျက်နှာပေါ်တွင် နက်နဲစွာ ဖြစ်ပေါ်လာတော့သည်။
ငါ ချောင်ရို့ဟွမ်ကို တချိန်လုံး ဘယ်လိုဆက်ဆံပေးခဲ့တယ်ဆိုတာ အားလုံးမြင်တဲ့အတိုင်းပဲ။ ဒါပေမဲ့ သူမကရော ဘယ်လိုပြန်ဆက်ဆံလိုက်တာတဲ့လဲ။
သူမသည် အိတ်ထဲမှာ လုံးချောကျောက်လေးများကို ထုတ်လိုက်သည်။ စိတ်ထဲတွင်တော့ မျှော်လင့်ချက် ရောင်ခြည်တစ်မျှင်တောင် မရှိတော့ပေ။ သို့သော် ရောင်းမကောင်းသည့်ချောင်မော့ယွီကို ကြည့်လိုက်ပြီးနောက် အနည်းငယ် စိတ်သက်သာရာရသွားလေသည်။
ВЫ ЧИТАЕТЕ
စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်း
Любовные романыချောင်မော့ယွီ နိုးလာသည့်အချိန်၌ သူမက ဝတ္ထုကမ္ဘာဆီသို့ ရောက်သွားသည်ကို တွေ့လိုက်ရသည်။ ထိုနောက် သည်ဝတ္ထု၏ အမျိုးသားဇာတ်လိုက်ဖြစ်သည့် ကုမ္ပဏီ စီအီးအို၏ မနှစ်မြို့ခြင်းကိုခံရသည့် ဗီလိန်ကောင်မလေး၏ ကိုယ်ထဲသို့ဝင်ရောက်သွားခဲ့သည်။ စီအီးအို၏ ငယ်သူငယ်ချင်...
