အပိုင်း (၁၄၃) လက်တုံ့ပြန်ခြင်းအဓိပ္ပာယ် (၁)

6.8K 476 4
                                        

စာစဉ်နာမည်- စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်း
ဘာသာပြန်သူ Yuuki

အပိုင်း (၁၄၃) လက်တုံ့ပြန်ခြင်းအဓိပ္ပာယ် (၁)

ဓာတ်လှေကားသည် လျှောက်လမ်းပေါ်မှ ချောင်မော့ယွီနှင့် ယဲ့ဖေးချန်းကို ထားခဲ့ကာ နောက်တစ်ကြိမ် အောက်သို့ ပြန်ဆင်းသွားလေသည်။

လေထုသည် တဖန် ပြန်လည်နွေးထွေးလာလေသည်။ ချောင်မော့ယွီ၏နှာခေါင်းထဲတွင် ယဲ့ဖေးချန်း၏ ကြည်လင်ရှင်းသန့်သည့်ရနံ့များနှင့် ပြည့်နေလေသည်။

သူမသည် အနည်းငယ် မသက်မသာဖြစ်သွားသဖြင့် ခန္ဓာကိုယ်ကို မသိမသာတွန့်လိုက်၏။

ယဲ့ဖေးချန်းသည်လည်း ချောင်မော့ယွီကို အနည်းငယ် လျှော့ပေးလိုက်လေသည်။ သူသည် သူ့လက်မောင်းထဲမှ မိန်းကလေးကို ငုံ့ကြည့်လိုက်လေသည်။ သူမ၏ပါးမို့မို့လေးသည် ပန်းနီရောင် သန်းနေပြီး သူမ၏မိတ်ကပ် ပါးပါးလေးလိမ်းထားသည့် မျက်နှာသည် ဖြူစင်ရှင်းသန့်နေကာ သူမ၏မျက်ဝန်းများသည် သူ့ကို မော့ကြည့်နေလေသည်။ သူမသည် အနည်းနည်း စိတ်ရှုပ်နေပုံပေါ်ပြီး သတိကင်းနေသယောင်။ သူ့ရှေ့မှ မြင်ကွင်းကြောင့် သူ့နှလုံးသားသည် တစ်ချက်ခုန်သွားပြီး မနေနိုင်တော့ဘဲ ငုံ့ကာ ထိုပါးပြင်လေးပေါ်သို့ အနမ်းတစ်ပွင့် ချွေလိုက်လေသည်။

ထို့နောက်တွင် သူသည် သူမကို လွတ်ပေးလိုက်ပြီး ရှုပ်ပွနေသည့် သူမ၏ဆံပင်များကို သပ်ပေးလိုက်ကာ

“ ကိုယ် ကိုယ့်အဖေကို သစ်ကြားသီးပေးလိုက်တယ်၊ အဖေက ကိုယ့်ကို ပြောခိုင်းလိုက်တယ် မင်း အချိန်ရရင် ကိုယ့်အိမ်ကို လာလည်ပါအုံးတဲ့”

ချောင်မော့ယွီသည် ဇဝေဇဝါဖြစ်သွားလေသည်။

ဘာလို့ ဖေကြီးယဲ့က ငါလေးကို သူ့အိမ်ကို ဖိတ်တာပါလိမ့်။

သူမသည် သူ့ထံသို့ သစ်ကြားသီးများကို ပို့လိုက်ရခြင်းမှာ ယဲ့ဖေးချန်းက သူ့အဖေသည် ဘာသာရေးကို ယုံကြည်သည်ဟု ပြောခဲ့ဖူးသောကြောင့်ပင်။ ထို့ကြောင့် သူမသည် ထိုသို့ ခန့်မှန်းထားခဲ့၏။ သစ်ကြားသီးကို လက်ခံရရှိသည့်နောက်တွင်  သူသည် သစ်ကြားသီးပေါ်မှာ သင်္ကေတများကို နားမလည်သောကြောင့် ဖေကြီးယဲ့က သူမကို အရင်ဆက်သွယ်ပေလိမ့်မည်။ ထို့နောက်တွင် သူမသည် အကြောင်းတစ်ခုခုရှာက နောက်လတွင် သူ လေယာဥ်နှင့်ခရီးမထွက်နိုင်အောင် ပြောရပေမည်၊ သို့မှသာ လေယာဥ်ပျက်ကျခြင်းမှ ရှောင်ရှားနိုင်ပေလိမ့်မည်။

စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်းDonde viven las historias. Descúbrelo ahora