အပိုင်း (၅၉) အလင်းဖွင့်ခြင်း (၂)

4.8K 394 0
                                    

ဘာသာပြန်သူ - YuuKi

အပိုင်း (၅၉) အလင်းဖွင့်ခြင်း (၂)

ရုပ်ရှင်ရုံ၏အပြင်ဘက်တွင် လူများသည် ထူးခြားသောအကြောင်းအရင်းများဖြင့် အဆက်မပြတ် ရောက်လာကာ ရုပ်ရှင်လက်မှတ်များကို ဝယ်နေကြသည်။ စတိတ်စင်ပေါ်မှ ဒါရိုက်တာနှင့် သရုပ်ဆောင်များသည် ရုပ်ရှင်ရုံတံခါးမှ ဝင်လာသူအသစ်များနှင့် ပတ်သက်ပြီး  တစ်ခုခု ထူးခြားနေသည်ကို သတိပြုမိသွားသည်။ သက်ကြီးရွယ်အို အဖွားများ၊ မိန်းကလေးငယ်လေးများနှင့် ဤသို့သော ရုပ်ရှင်မျိူးကို ကြည့်လေ့မရှိဟု ထင်ရသောသူများ , လူအားလုံးသည် ကြည့်ရှုရန်ရောက်လာကြလေသည်။

ရလဒ်အနေဖြင့် ခုံလွတ်များသည် ကြိုတင်မျှော်လင့်မထားသောနှုန်းဖြင့် ပြည့်သွားတော့သည်။ အောက်တွင်ရှိသော ပရိသတ်များသည် အတော်ပင် စိတ်အားထက်သန်နေကြလေသည်။ သူတို့သည် စိတ်ဝင်စားစရာမကောင်းသော ဟာသများကိုပင် လက်ခုပ်လက်ဝါးတီးကာ အားပေးနေကြပြီး ရုံအတွင်း လေထုမှာ နွေးထွေးပြူငှာနေတော့သည်။

ပွဲဦးထွက်ပြီးသွားသည်နှင့် ထိုင်ခုံအားလုံး ပြည့်သွားတော့သည်။ ထိုအချိန်အထိ ဒါရိုက်တာသည် အိပ်မက်မက်နေသလို ခံစားနေရသည်။

စင်အောက်တွင် သူ့ဆဲလ်ဖုန်းသည် ရုတ်တရက်ထ မြည်လာ၏။ ဖုန်းပြန်ဖြေလိုက်သည်တွင် သူ့လက်ထောက်လေး၏ စိတ်လှုပ်ရှားနေသော အသံကို ကြားလိုက်ရ၏။

“ ဒါရိုက်တာဝမ်ရေ ကျွန်တော်ပြောတာ သေချာနားထောင်နော်၊ မြို့က ရုပ်ရှင်ရုံ ဆယ်နှစ်ရုံလုံးက ကျွန်တော့်ကို ပြန်ဆက်သွယ်လာတယ် ၊ ကျွန်တော်တို့ ပွဲဦးထွက်ရုပ်ရှင်ကားက ပြည့်သွားပြီတဲ့၊ ထိုင်ခုံတွေအားလုံးနီးပါး မိနစ်နှစ်ဆယ်အတွင်း ချက်ချင်း ရောင်းထွက်သွားတယ်တဲ့၊ အဲဒါတင်မဟုတ်ဘူး နောက်ရက်တွေအတွက် ကျွန်တော်တို့ရဲ့ ကြိုတင် အရောင်းလက်မှတ်တွေကလဲ အရောင်းသွက်နေတယ်တဲ့၊ ကျွန်တော် အခု အချက်အလက်တွေကို ကြည့်နေတာ 20 % ,40%,70%၊ အမလေးဗျာ နောက်အပတ်အတွက် လက်မှတ်တွေအားလုံး မကြာခင် ကုန်သွားတော့မှာပဲ၊ ကျွန်တော့်ဖုန်းများ တစ်ခုခု ချို့ယွင်းနေလို့လား ဒါမှမဟုတ်  ကျွန်တော် အိပ်မက်မက်နေတာများလား”

စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်းWhere stories live. Discover now