အပိုင်း (၁၉၇) အင်္ကျီထပ်ကျ (၁)

5.1K 273 2
                                        

စာစဉ်နာမည်- စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်း
ဘာသာပြန်သူ Yuuki

အပိုင်း (၁၉၇) အင်္ကျီထပ်ကျ (၁)

ချောင်မော့ယွီသည် ယဲ့ဖေးချန်းထံမှ ထိုစကားတို့ကို ကြားလိုက်ချိန်၌ သူမ၏လွင့်မျောနေသည့် နှလုံးသားလေးသည် ရုတ်တရက်ဆိုသလို အခြေကျသွားသည်ကို ခံစားလိုက်ရတော့သည်။

လော့လော့၏ဖြစ်တည်မှုသည် သူမ၏အထီးကျန်ဆန်သည့်စိတ်ဝိညာဉ်ကို နွေးထွေးမှုနှင့် ပိုင်ဆိုင်မှု ခံစားချက်တို့ကို ပေးစွမ်းခဲ့ပြီး ယခုမူ ယဲ့ဖေးချန်းက သူမကို လုံခြုံမှုခံစားချက်တစ်ခုကို ပေးခဲ့လေသည်။

ချောင်မော့ယွီသည် သူမ၏လက်ကို မြှောက်လိုက်ပြီး ယဲ့ဖေးချန်း၏နှုတ်ခမ်းကို နမ်းလိုက်တော့သည်။

သူသည် ရှော့ခ်ရသွားတော့၏။ ချောင်မော့ယွီထံမှ အစပျိုးသည့် ပထမဆုံးအနမ်းတစ်ခု ဖြစ်ပေတော့သည်။

သူမသည် တစ်နည်းနည်းဖြင့် ကတုန်ကယင်ဖြစ်နေပြီး သူ့နှုတ်ခမ်းများကို ဂရုမစိုက်တတ်သလို ထိတွေ့နေ၏။ အနည်းငယ်ယားကျိကျိခံစားချက်ကြောင့် သူ့လည်ဇလုတ်သည် မနားတမ်း လှိမ့်တက်နေတော့သည်။

ယဲ့ဖေးချန်းသည် ထိန်းချုပ်မှုကို ပြန်ရသွားပြီး ဤကိစ္စမျိုးတွင် အမျိုးသားများနှင့် အမျိုးသမီးများအကြား ကွာခြားချက်မှာ အထူးသိသာလှပေသည်။ သူသည် သူမ၏နှုတ်ခမ်းကို ဖွင့်ဟလိုက်ပြီး သူမနှင့် ချက်ချင်းဆိုသလို ရစ်ပတ်ယှက်နွယ်သွားတော့သည်။

ညသည် အလွန်နက်နေပြီဖြစ်ရာ မြစ်ဘေးမှ မီးရောက်များသည်လည်း တစ်ခုပြီးတစ်ခု မှိတ်သွားတော့သည်။ နှစ်ဦးသားအပြန်အလှန် တိုးဝေ့ပူးကပ်နေသည့်မြင်ကွင်းသည် အနက်ရောင် မှင်ရည်တစ်ခုဖြင့် ဆေးခြယ်ထားသည့်နှယ် မှုန်ဝါးနေသည့်နောက်ခံဖြင့် ရောထွေးနေတော့သည်။

ယဲ့ဖေးချန်းသည် ချောင်မော့ယွီကို အတန်ကြာသည်အထိ နမ်းရှိုက်လိုက်ပြီးနောက် သူမကို ထူပေးလိုက်ကာ နောက်ဆုံးတွင်မှာ အအေးဓာတ်ကို ခံစားမိလိုက်တော့သည်။

“ ညီမ အေးနေလား”

ချောင်မော့ယွီသည် ခေါင်းခါပြလိုက်ပြီး

စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်းМесто, где живут истории. Откройте их для себя