စာစဉ်နာမည်- စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်း
ဘာသာပြန်သူ Yuuki
အပိုင်း (၈၄) သရုပ်မှန်ပေါ်သွားခြင်း (၁)ချောင်မော့ယွီသည် ယဲ့ဖေးချန်းက သူမကို စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသောအခါ သူမ၏ ပထမဆုံးတုံ့ပြန်မှုမှာ ထွက်ပြေးရန် ဖြစ်တော့၏။
စက္ကန့်အစိတ်အပိုင်းလေးတစ်ခုအတွင်း သူမ၏ခြေထောက်များသည် အဝေးကို ထွက်ပြေးရန် အသင့်ဖြစ်နေသော်လည်း သူမ၏ခေါင်းသည် ချာချာလည်သွားပြီး နောက်ပြဿနာတစ်ခုကို တွေ့သွားပြန်သည်။
ငါလေးသာထွက်ပြေးရင် ငွေသား သုံးသောင်းသိမ်းထားတဲ့ကိစ္စ ပေါ်သွားတော့မှာမလား။
(T/N တရုတ်ဗန်းစကား အဓိပ္ပာယ်က လူတစ်ယောက်က တစ်စုံတစ်ခုကို ဖုံးကွယ်ထားပေမဲ့ နောက်ဆုံးတော့ အားလုံးပေါ်သွားတယ်တဲ့၊ တခြားလူတွေခိုးသွားမှာကြောက်လို့ ငွေတွေကို မြှုပ်ထားတဲ့ ကျန်းစန်း ဆိုတဲ့လူတစ်ယောက်အကြောင်း အခြေခံထားတဲ့ ရိုးရာပုံပြင်တစ်ခုပါ၊ သူက စာတိုလေး တစ်စောင်ရေးခဲ့တယ်၊‘ဒီနေရာမှာ ငွေတုံး၃၀၂တုံး မဝှက်ထားဘူး’ တဲ့၊ တစ်ချိန်ထဲမှာပဲ သူ့အိမ်နီးချင်း ဝမ်အာ က ငွေတွေကို ခိုးသွားပြီး စာတိုတစ်စောင် ချန်ခဲ့လိုက်တယ် ‘ ဘေးအိမ်က ဝမ်အာ မခိုးပါဘူး’တဲ့)
သည့်အပြင် ယခုလေးတင်မှ သူမ၏ ဘာသာရေးသီးခြားဂိုဏ်းကို တည်ထောင်ထားလေသည်။ ဂိုဏ်းချုပ်အနေဖြင့် သူမနှင့် ရင်းနှီးသောသူကို တွေ့သဖြင့် ချက်ချင်း ထွက်ပြေးသွားခဲ့လျှင်..... သူမ၏ကိုယ်ပိုင်တံဆိပ်ကို အသရေဖျက်ရာကျပေတော့မည်။
စင်စစ်တွင်လည်း သူမသည် ဖြီးဖြန်းနေခြင်းမဟုတ်ဘဲ အမှန်တကယ် အလင်းဖွင့်ပေးနေခြင်းဖြစ်သည်။
ထို့အပြင် သူမသည် ဤသို့ဝတ်စားထားသဖြင့် ယဲ့ဖေးချန်းက သူမကို မှတ်မိချင်မှ မှတ်မိပေလိမ့်မည်။
စိတ်ထဲတွင် ထို့သို့မှတ်ယူကာ ချောင်မော့ယွီသည် စိတ်အေးသွားတော့သည်။ သူမသည် အသက်ကို ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး အစွဲပြုတ်နေသည့်မျက်နှာထားကို ပြင်ထားလိုက်သည်။ သူမသည် ယဲ့ဖေးချန်းကို ဘာမှမထူးဆန်းသလို ကြည့်လိုက်ပြီး သူမ၏လက်ကို ဝှေ့ယမ်းကာ လော့လောကို ခေါ်လိုက်သည်။
![](https://img.wattpad.com/cover/330150701-288-k947207.jpg)
YOU ARE READING
စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်း
Romanceချောင်မော့ယွီ နိုးလာသည့်အချိန်၌ သူမက ဝတ္ထုကမ္ဘာဆီသို့ ရောက်သွားသည်ကို တွေ့လိုက်ရသည်။ ထိုနောက် သည်ဝတ္ထု၏ အမျိုးသားဇာတ်လိုက်ဖြစ်သည့် ကုမ္ပဏီ စီအီးအို၏ မနှစ်မြို့ခြင်းကိုခံရသည့် ဗီလိန်ကောင်မလေး၏ ကိုယ်ထဲသို့ဝင်ရောက်သွားခဲ့သည်။ စီအီးအို၏ ငယ်သူငယ်ချင်...