အပိုင်း (၁၉၈) အင်္ကျီထပ်ကျ (၂)

9.9K 342 9
                                        

ဘာသာပြန်သူ Yuuki

အပိုင်း (၁၉၈) အင်္ကျီထပ်ကျ (၂)

ထုတ်လုပ်ရေးအဖွဲ့သည် မြို့၏ ကြယ်သုံးပွင့်အဆင့် ဟိုတယ်ကို ကြိုတင် ဘွတ်ကင်လုပ်ထားခဲ့သည်။ သူတို့သည် ထိုနေ့တွင် လုပ်စရာရှိသည်များကို အသီးသီးလုပ်ဆောင်ကြလိုက်ပြီး ဒုတိယနေ့တွင့် ရိုက်ကူးရေးစတင်လိုက်၏။

ခရီးမထွက်မီ ချောင်မော့ယွီသည် တော်ဝင်မြို့တော်၏ မြောက်ဘက်မြို့စွန်ရှိ တာအိုဘုရားကျောင်းတစ်ခုသို့ သွားခဲ့သည်။ သူမသည် စာအချို့ကို ယူခဲ့လိုက်ပြီး နောက်ဆုံးတွင် တစ်ခုကို ရွေးချယ်လိုက်၏။

အလင်းဖွင့်ပေးရန် သီးခြားတောင်းဆိုထားသည့် ယွိချန်မှ စာတစ်စောင်ပါရှိ၏။

ယွိချန်ဒေသခံ အဖွဲ့ဝင်များဖြင့် ဖွဲ့ထားသည် ကျေးလက်ဂီတအဖွဲ့ တစ်ခုဖြစ်၏။ အဖွဲ့တွင် ယောက်ျား ၃ယောက်နှင့် မိန်းမ ၂ယောက်ပါပြီး အဓိကအဆိုရှင်ထဲမှ တစ်ယောက်မှာ လက်တစ်ဖက်သာ ရှိသည်။

သူတို့သည် သည်နှစ်မှ ဘွဲ့ရခါစဖြစ်သော်လည်း ထိုနေရာလေးမှ မြို့သူမြို့သားများသည် ဂုဏ်သတင်းကို ပိုမိုအလေးပေးကြရာ ကျေးလက်တေးဂီတအဖွဲ့တစ်ခုကို မှန်ကန်သည့်အလုပ်တစ်ခုဟု မထင်ကြပေ။ လူများသည် သူတို့ကို သူတို့၏ ဒေသအလုပ်ခွင်တွင် လိမ်လိမ်မာမာဖြင့် အလုပ်လုပ်ကြရန်သာ မျှော်လင့်နေကြသည်။

အဖွဲ့သားများသည် အိပ်မက်တစ်ခုနောက်လိုက်နေကြသည့် လူငယ်များဖြစ်ကြသဖြင့် သူတို့သည် သူတို့၏စိတ်ကူးများထဲတွင်သာ မနစ်မြှုပ်နေကြလိုပေ။ သူတို့သည် တော်ဝင်မြို့တော်သို့ ခရီးနှင်လာကြပြီး အဖွဲ့များကြီးနှင့် ရင်ဆိုင်လာရသောအခါ ရပ်တည်ရန် ခက်ခဲလာကြသည်။ ထို့ကြောင့် အဖွဲ့သည် သည်ထက်ပိုမတိုးတက်လာလျှင် ငွေကြေးပြဿနာနှင့် ရင်ဆိုင်လာရပြီးနောက် အဖွဲ့ဖျက်သိမ်းရန် တွန်းအားပေးခံရလိမ့်မည်။

သူတို့သည် တခြားလူများထံမှ ရသေ့ချင်းရင်သည် အလွန် အံ့ဩစရာကောင်းပြီး လူတိုင်းက အလင်းဖွင့်ပေးခံချင်ကြသည်ကို ကြားလိုက်ရ၏။ ထို့အပြင် သူတို့သည် ချောင်မော့ယွီအတွက် သီချင်းအချို့ကို သီးသန့် အသံသွင်းပေးခဲ့သေးသည်။

You've reached the end of published parts.

⏰ Last updated: Jan 03, 2024 ⏰

Add this story to your Library to get notified about new parts!

စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်းWhere stories live. Discover now