စာစဉ်နာမည်- စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်း
ဘာသာပြန်သူ Yuukiအပိုင်း (၁၂၃) သူ့ကို ထပ်မငြင်းမိတော့ဘူး (၃)
ယဲ့ဖေးချန်းသည် အခန်းထဲမှထွက်လာချိန်တွင် သူ့ခြေလှမ်းများသည် အလွန်တိတ်ဆိတ်လွန်းလှသည်။ သူသည် လေကားပေါ်မှ ဆင်းတော့မည်ဆဲဆဲတွင် သူ့ခြေထောက်ရှေ့တွင် ငွေစက္ကူအချို့ကို တွေ့သွားတော့သည်။
သူသည် ငွေစက္ကူများကို ကုန်းကောက်လိုက်၏။ ငွေစက္ကူများသည် အတုမဟုတ်သည်ကို သိလိုက်ရသဖြင့် ချက်ချင်းလိုပင် တွေဝေသွားလေသည်။ သိပ်မကြာမီက ကြွယ်ဝခြင်းနတ်ဘုရားသည် သူ့ခန္ဓာကိုယ်ထဲသို့ ရောက်လာသည့်နှယ် သူသည် အမြဲလိုလို မြေကြီးပေါ်တွင် ပိုက်ဆံများ ကောက်ရလေ့ရှိလေသည်။
သူသည် ပိုက်ဆံကောက်ရသည့်အခါတိုင်း သူ့ပတ်ဝန်းကျင်မှလူများကို ပိုက်ဆံကျပျောက်သလားဟု မေးလေ့ရှိသည်။ သို့ရာတွင် မည်သူမှ ပိုက်ဆံမကျပျောက်ကြပေ။ ထိုအဖြစ်အပျက်သည် သူငယ်ငယ်က သင်ခဲ့ရသည့် “ ကျွန်တော် လူသွားလမ်းပေါ်မှာ ငွေတစ်ကျပ်ကောက်ရလို့ ရဲသားကြီးကို ထိန်းသိမ်းဖို့ပေးခဲ့တယ်...” ဟူသည့်သားချော့တေးကို ပြန်အမှတ်ရသွားစေသည်။
ယဲ့ဖေးချန်းသည် သူ့ခေါင်းထဲတွင် စွဲနေသည့် သီချင်းကို ခါထုတ်လိုက်၏။ သူသည် ပိုက်ဆံကို သိမ်းလိုက်ပြီး မနက်ဖြန်ကျမှ ငွေပျောက်သူကို မေးတော့မည်ဟု စဥ်းစားထားလိုက်သည်။
ယဲ့ဖေးချန်းရှိသည့်နေရာနှင့် မိုင်ထောင်ချီကွာဝေးသည့် နေရာတွင် ဖေကြီးယဲ့၏ဖုန်းသည် မြည်လာ၏။ သူ့လက်ထောက်ဖုန်းဖြစ်နေသည်။
“ ဥက္ကဋ္ဌယဲ့ [အစ်ကိုယွီ ကျေးဇူးပြုပြီး ငါနဲ့လာနေပါ] နဲ့ပတ်သက်တဲ့ ကိုယ်ရေးအချက်အလက်တွေ ရခဲ့ပါတယ်”
“ကောင်းပြီ၊ ပြောပြပါအုံး”
ဖေကြီးယဲ့သည် အခုလေးတင်မှ အစီအစဥ်၏လိုက်ဖ်ထုတ်လွှင့်မှုကို ကြည့်ပြီးသွားသဖြင့် ရေချိုးပြီးခါစ ဖြစ်နေရာ စိတ်ကောင်းဝင်နေလေသည်။
သူ့လက်ထောက်ကပြောလိုက်၏။
“ အစကတော့ သူနဲ့ပတ်သက်တဲ့ ဘာအချက်အလက်မှ ရဖို့မလွယ်ခဲ့ဘူး၊ ဘာလို့လဲဆိုတော့ သူတို့တွေက သူတို့ရဲ့သုံးစွဲသူတွေရဲ့ အချက်အလက်ကို ပုံမှန်ဆို ဖော်ထုတ်လေ့မရှိဘူးလေ၊ ဒါပေမဲ့ အသုံးပြုသူရဲ့ လိုက်ဖ်ကို ပထမဆုံးအကြိမ်ကြည့်တုန်းက သူ့ရဲ့ အရင်နာမည်က သူ့ရဲ့နာမည်အရင်းဖြစ်နေတာပဲ၊ အသုံးပြုသူရဲ့ နာမည်အရင်းက ဟွမ်ချူ တဲ့၊ သူ့ ဒေတာကတ်ထဲက သူ့ဖုန်းနံပါတ်က ဖွင့်ထားတယ်။ သူ့ဖုန်းနံပါတ်က 15733211278 တဲ့”
![](https://img.wattpad.com/cover/330150701-288-k947207.jpg)
YOU ARE READING
စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်း
Romanceချောင်မော့ယွီ နိုးလာသည့်အချိန်၌ သူမက ဝတ္ထုကမ္ဘာဆီသို့ ရောက်သွားသည်ကို တွေ့လိုက်ရသည်။ ထိုနောက် သည်ဝတ္ထု၏ အမျိုးသားဇာတ်လိုက်ဖြစ်သည့် ကုမ္ပဏီ စီအီးအို၏ မနှစ်မြို့ခြင်းကိုခံရသည့် ဗီလိန်ကောင်မလေး၏ ကိုယ်ထဲသို့ဝင်ရောက်သွားခဲ့သည်။ စီအီးအို၏ ငယ်သူငယ်ချင်...