အပိုင်း (၁၅၉) ကိုယ်အရမ်းအူတိုနေပြီ (၂)

3.6K 326 3
                                    

စာစဉ်နာမည်- စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်း
ဘာသာပြန်သူ Yuuki

အပိုင်း (၁၅၉) ကိုယ်အရမ်းအူတိုနေပြီ (၂)

မူလက ဟန်ချက်မပျက်ရန် ထိန်းထားသည့် သူမ၏လက်များသည် သူ့လည်ပင်းကို သိုင်းဖက်လိုက်တော့သည်။ သူမ၏ခန္ဓာကိုယ်တစ်ခုလုံးသည် သူ့ခန္ဓာကိုယ်ကို ရစ်ပတ်ထားသယောင်။

ချောင်မော့ယွီ၏လုပ်ရှားမှုသည် လက်ဦးမှုရသွားပြီး ယဲ့ဖေးချန်း၏ခြောက်သွေ့နေသည့် နှလုံးသားကြမ်းပြင်ပေါ်သို့ မိုးဖွဲလေးများ ရွာချသွားလေတော့သည်။ သူ့ရည်ရွယ်ချက်သည် တဖြည်းဖြည်း ပြောင်းလဲသွားကာ သူမကို ညင်သာစွာ စတင်နမ်းရှိုက်လိုက်လေတော့သည်။

လျှောက်လမ်းအတွင်းမှမီးရောင်များသည် ကြာရှည်စွာ မှောင်မိုက်နေ၏။ နှုတ်ခမ်းချင်း ထိယှက်သံများသာ ရှိနေလေသည်။

ထိုကဲ့သို့အခြေအနေဖြင့် မည်မျှကြာသွားသည်ပင် မသိလိုက်ကြပေ။ အမှောင်ထဲတွင် မြည်သံတစ်ခု ရုတ်တရက်ထွက်ပေါ်လာပြီး တစ်ချိန်ထဲတွင် မီးများပြန်လာကာ နှစ်ဦးသားကို အလင်းရောင်ထဲသို့ ပြန်ခေါ်ယူလာခဲ့တော့သည်။

ယဲ့ဖေးချန်းသည် ချောင်မော့ယွီကို ဖြည်းညင်းစွာလွှတ်ပေးလိုက်ပြီးနောက် သူမက ဖုန်းကိုင်လိုက်သည်ကို မြင်လိုက်ရ၏။ ဖုန်းစခရင်ပေါ်တွင် ‘ ယွီယင်း’ ဟူသည် စာလုံးနှစ်လုံးပေါ်နေ၏။

ချောင်မော့ယွီသည် သူမ၏အသက်ရှူသံကို ပုံမှန်အနေအထားဖြစ်အောင် ပြင်လိုက်ပြီးနောက် ဖုန်းကိုင်လိုက်လေသည်။

“ အစ်မယွီ”

အန်တီယွီက မေးလာ၏။

“ မမလေးချောင် ဘယ်တော့ပြန်လာမှာလဲဟင်၊ လော့လော့ကို အရင်စားနှင့်ဖို့ပြောထားပေမဲ့ သူက သူ့မာမားကို စောင့်မယ်လို့ပြောနေလို့”

ချောင်မော့ယွီသည် ယဲ့ဖေးချန်းကို မျက်စောင်းထိုးလိုက်ပြီးနောက် ဖုန်းပြန်ဖြေလိုက်၏။

“ ခဏနေ ရောက်တော့မယ်နော်”

သူမသည် ဖုန်းချလိုက်ပြီးသည်နှင့် ယဲ့ဖေးချန်းက မေးလိုက်၏။

စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်းDonde viven las historias. Descúbrelo ahora