Unicode
🖤Theories of LOVE❤️
🖤Season-4❤️
🖤A Million Dreams-34❤️
တစ်နေ့လုံး အခန်းထဲထိုင်ပြီး အလုပ်သာလုပ်နေရတာ လူနဲ့စိတ်က တစ်ကမ္ဘာစီ။ Baby ကို ဘယ်လိုပြောရမလဲဆိုတဲ့ မေးခွန်းအတွက် အဖြေကခုထိရှာမရ။ ဒီကလေးကို ဘယ်လိုခွန်အားနဲ့ထွေးပွေ့နှစ်သိမ့်ရမလဲလို့ တွေးတိုင်း ကျွန်တော့်ခွန်အားတွေပါ တတိတိ လျော့ပါးလာသလိုပါပဲ။
ဘယ်လိုရည်ရွယ်ချက်နဲ့ဘယ်သူကလုပ်လိုက်တယ်ဆိုတာလဲ တွေးမရ။ ဘယ်စီးပွားပြိုင်ဘက် အုပ်စုကများ ဒါမျိုးလုပ်နိုင်မလဲ။ တွေးရုံသာတတ်နိုင်တာ သက်သေသက္ကာယမှ ရှိမနေတော့ ဘယ်ကိုအစရှာရမှန်းမသိ။ တရားခံကိုသိလို့ကတော့ သေတာထက်ပိုခံစားရအောင်ကို လုပ်ပစ်မှာပါ။ ကျိန်းသေပေါက် သူရှို့ခဲ့တဲ့မီးက သူ့ဘဝထက်တန်ဖိုးကြီးတယ်ဆိုတာကို အသိပေးရမှာပေါ့။
"အကိုလေး နေ့ခင်းထမင်းစားချိန်တောင်ကျော်နေပြီ တစ်ခုခုစားလေ ဘာဝယ်ပေးရမလဲ"
🖤 ဘာမှမစားချင်ပါဘူးကွာ ကော်ဖီခါးခါးတစ်ခွက်လောက်ပဲသောက်ချင်တာ
"ခဏစောင့် ကျွန်တော် ဖျော်ပေးမယ်"
Mike ထွက်သွားတော့ ဆိုဖာပေါ်နေရာရွှေ့ပြီး လည်ပင်းက Necktieကို ဖြေလျှော့ကာ လှဲချလိုက်တော့သည်။ လူရောစိတ်ရောနုံးပြီး ပင်ပန်းနေတာကြောင့် အိပ်လဲအိပ်ချင်သည်။ နေ့လည် ၁၁နာရီလောက်က ဖေဖေ့ကို baby အခြေအနေလှမ်းမေးတော့ အိမ်မှာမရှိ သူ့သူငယ်ချင်းနဲ့ သွားတွေ့သည်တဲ့။
ချက်ချင်း ဖုန်းဆက်မေးချင်သော်ငြား သာမန်ထက်ကိုယ့်အမူအရာတွေထူးခြားနေရင် သူရိပ်မိသွားမှာစိုးလို့ မခေါ်ပဲ အောင့်ထားရတာပါ။ အခုတော့ ၁နာရီထိုးနေပြီမို့ ခေါ်ကြည့်လိုက်ပါဦးမယ်လေ။ဖုန်းဝင်ပေမဲ့ တော်တော်နဲ့မကိုင်ပဲ ကိုင်တော့လဲ အသံက အိပ်ချင်မူးတူးအသံလေး။
🖤 baby အိပ်နေတာလား
❤️အင်း
🖤 ထမင်းစားပြီးပြီလား ဆေးသောက်ပြီးပြီလား
❤️ ဟုတ် ပြီးပြီ
🖤 အပြင်ထွက်သေးလား baby
YOU ARE READING
🖤Theories of LOVE ❤️~🖤 Season-4❤️~ Final chapters-2
FanfictionFinal Chapters 1 က အပိုင်းရေ limitပြည့်သွားလို့ ထပ်ခွဲထားတာပါ။ A Million Dreams ရဲ့အပိုင်းဆက်တွေကို ဒီမှာဆက်တင်ပေးသွားမှာပါ 🖤❤️