အပြင်ဖက်မှ ရင်းနှီးသည့်အသံများက လူများကို ကျောများစိမ့်လာသည့်အထိဖြစ်စေသည်။
ကစားသမားများမှာ ညနက်လာသည်အထိ ဆက်တိုက်နိုပ်စက်ခံနေကြရကာ မူးဝေပြီးကြောက်ရွံ့လာကြသည်။ထို့နောက် ကော်ရစ်ဒါမှ တံခါးဖွင့်ရန်အော်ဟစ်နေသံများပျောက်ကွယ်သွားသည်။
တံခါးသော့လှည့်လိုက်သောတိုးညှင်းလှသည့်အသံထွက်ပေါ်လာ၏။ အသံမှာ အနည်းငယ်သာဖြစ်သော်လည်း သိသာနေဆဲပင်။
ဒီမွန်းစတားတွေက သူတို့ဖာသာတံခါးဖွင့်နိုင်တာလား?................
သူတို့မှာ သိသာစွာပင် ပိတ်မိနေကြလေပြီ။
ကျန်းယွမ်ယွမ်သည် ထိုမွန်းစတားများ တံခါးမှ အထဲသို့ဝင်လာပြီး သံလှေကားမှတစ်ဆင့် အပေါ်သို့တက်လာသည်ကိုမြင်နေရသည်။ ထိုမွန်းစတားသည် သူမဘေးတွင်ထိုင်လျှက် ခြောက်သွေ့နေသောအနက်ရောင်လက်ချောင်းများနှင့် သူမျက်လုံးဆီသို့ လက်ညိုးထိုးလာသည်ကို မြင်တွေ့လိုက်ရသည်။
ယခုအချိန်တွင် သူမမှာ အသီးအရွက်လှီးသည့်ဘုတ်ပြားပေါ်မှ ငါးတစ်ကောင်သဖွယ်ဖြစ်နေပြီဖြစ်သည်။ လှုပ်၍မရတော့။
သရဲကသူမမျက်လုံးကို ထိုးဖောက်တော့မည့်အချိန်တွင် မရှုနိုင်မကယ်နိုင်ဖြစ်ပြီး ကျန်းယွမ်ယွမ်မှာ မထိန်းချုပ်နိုင်တော့ပေ။ ပါးစပ်ကိုဖွင့်လိုက်ပြီး အော်ဟစ်ရန်ပြင်လိုက်၏။
သေးငယ်သည့်လက်တစ်ဖက်က အပေါ်မှကျလာ၏။
ဖူအန်က တိတိကျကျဖြင့် သူမပါးစပ်ကို အုပ်လိုက်ခြင်းပင်။နောက်တစ်ခဏတွင် ဘေးခန်းမှ ကြောက်ရွံ့စွာအော်ဟစ်လိုက်သည့်အသံများထွက်ပေါ်လာသည်။
“မလာနဲ့……….မလာနဲ့…………
ကယ်ကြပါ”ရှုံးခွင်းအသံလား……………
ကြောက်ရွံ့တကြားအော်ဟစ်လိုက်သည့်အသံကြောင့်ကျန်းယွမ်ယွမ်နိုးလာသည်။
သူမမျက်လုံးကိုဖွင့်လိုက်ပြီး မွန်းစတားလာသည့်ဖက်ကိုကြည့်လိုက်သည်။ဆန့်ကျင်ဖက်အခန်းထဲတွင် အခန်းတံခါးကို ချိုးဖျက်သံများထွက်ပေါ်လာပြီး အပြစ်ကင်းပြီးချစ်စရာကောင်းသည့်ကလေးများ၏အသံများမှာ ကော်ရစ်ဒါမှ ထွက်ပေါ်လာသည်။
![](https://img.wattpad.com/cover/385728015-288-k836306.jpg)