ဘာကြောင့်သတ်သေသွားကြတာလဲ?.......
ဒီဆရာများတွေရဲ့သေဆုံးမှုက ကလေးတွေမှာ ဘာထိန်းချုပ်မှုမှ မရှိတော့ဘူးလို့ ကြေငြာလိုက်သလိုပဲမဟုတ်ဘူးလား?............
ဖူအန်သည် ကလေးများ လွန်ခဲ့သည့် ၂ ရက်အတွင်းတွင်ပြောနေကြသည့် တူတူပုန်းတမ်းအကြောင်းတွေးမိလိုက်၏။
ထိုအခိုက်တွင် ရုတ်တရက် သင်ကြားရေးအဆောင်၌ လျှပ်စစ်မီးပျက်တောက်သွားမှုကြောင့် သူမအတွေးများရပ်တန့်သွားရသည်။လူတိုင်းကြည့်လိုက်မိကြသည်။
ဖျတ်…..
ရုတ်တရက်အသံတစ်ခုထွက်လာ၏။
စာသင်ခန်း၏မှန်ပေါ်တွင် သေးငယ်သည့်လက်ဝါးရာတစ်ခုပေါ်လာသည်။
ညအမှောင်ထဲတွင် ကလေးတစ်ဦး၏ချိုသာပြီး ထူးဆန်းသည့်အသံက ပေါ်ထွက်လာ၏။“တူတူပုန်းတမ်းက မကြာခင်စတော့မယ်…………
ဟီး…ဟီး…..ဟီး…….ဆရာတို့ ပုန်းပြီးပြီလား……..
ကျွန်တော်တို့ဖမ်းဖို့ စောင့်နေပြီ………”အသံမှာရပ်တန့်သွား၏။ သင်ကြားရေးအဆောင်တစ်ခုလုံးတွင် ပြေးလွှားသည့်ခြေသံများ ထွက်ပေါ်လာသည်။
“ပြေး……ပြေးကြ”
မာယီအော်ဟစ်လိုက်ပြီး သူတို့ကိုလျှင်မြန်စွာထွက်ပြေးရန် ပြောလိုက်၏။
ဟာ………..ဒါကပြဿနာပဲ……..
ဖူအန်ဘာမှမလုပ်နိုင်ခင်မှာပင် ကျန်းယွမ်ယွမ်မှာ သူမကိုဆွဲ၍ပြေးတော့သည်။
“ဖက်တီးလေး……………နင်က ခြေထောက်တိုတယ်…………ငေးမနေနဲ့”
အခြားလူများနှင့်စာလျှင် သူမတို့ ၂ ယောက်မှာ နောက်တွင်ကျန်ရစ်ခဲ့ကြသည်။
နောက်ဖက်တွင် စာသင်ခန်းတံခါးမှာ ပွင့်လာ၏။
မည်သည့်အရာထွက်လာသည်ကိုမြင်လျှင် ဖူအန်၏နှုတ်ခမ်းများရုတ်တရက် တုန်တက်သွားသည်။ထိုမကောင်းဆိုးရွားအရာမှာ ညကသူမအိပ်ရာဘေးသို့ ရောက်လာသည့်အရာကြီးပင်။
သူမနိုးနေသည့်အတွက် ယခုအချိန်တွင် ပို၍ရှင်းရှင်းလင်းလင်းမြင်နေရသည်။
![](https://img.wattpad.com/cover/385728015-288-k836306.jpg)