“ရှိ……….ရှိသေးတယ်”
ကျန်းယွမ်ယွမ်သည် သူမ၏အဝါရောင်အဆောင်လေးကိုထုတ်လိုက်၏။
ဖူအန်…….”သေချာသိမ်းထား…………အရေးပေါ်အခြေအနေမှာ နင့်အသက်ကို ကယ်နိုင်တယ်”
ပထမဆုံးအကြိမ်အဖြစ် ကျန်းယွမ်ယွမ်မှာ ပြန်မပေးတော့ပဲ လိမ်လိမ်မာမာဖြင့် အင်္ကျီအတွင်းအိတ်ကပ်ထဲသို့ ပြန်ထည့်လိုက်၏။
“အန်အန်……….နင်ဘာလို့ ဒီလောက်အပြေးမြန်ရတာလဲ?”
ပထမနှစ်အချိန်က ဖူအန်မှာ ရုပ်ပိုင်းဆိုင်ရာစမ်းသပ်မှုကျရှုံးခဲ့ရသည်ကို သူမမှတ်မိနေဆဲပင်။
“ငါတို့သာ မြန်မြန်မပြေးနိုင်ဘူးဆိုရင် သေသွားမှာပေါ့”
သူမကပြောရင်း စားပွဲပေါ်မှ ရေနွေးခရားကိုယူလိုက်၏။ အထဲတွင် ရေအေးတစ်ဝက်ခန့်ကျန်နေသေးသည်။
ဖူအန်မှာ မကြိုက်သော်လည်း အနည်းငယ်ထည့်လိုက်ပြီး တစ်ငုံ၊ နှစ်ငုံခန့်သောက်လိုက်၏။ထိုနောက်ချက်ချင်းပင် သူမအပြင်ဖက်သို့ကြည့်လိုက်မိသည်။
အောက်ထပ်………
အစိမ်းရောင်ပလက်စတစ်များနှင့်ကာထားသည့်ကစားကွင်းတွင် ဤနတ်ဆိုးများပျောက်ကွယ်သွားကြသည်။
တံခါးကခံနိုင်ပါ့မလား?........
ဖူအန်တွေးလိုက်မိပြီး ပါးချပ်သည့်သစ်သားတံခါးလေးကို မလှုပ်မယှက်ကြည့်နေမိသည်။
“ဘာဖြစ်လို့လဲ?”
ကျန်းယွမ်ယွမ်အနားကပ်လာ၏။ဖူအန်………….”ခေါင်မိုးပေါ်က ဒီအဆောင်နဲ့ ကစားကွင်းထောင့်ဖက်က ဒီအဆောင်တွေကိုမြင်လား?”
ကျန်းယွမ်ယွမ်သည် အနီးသို့ကပ်လာပြီးအတတ်နိုင်ဆုံးမြင်ရရန်ကြိုးစားလိုက်၏။
“ငါမြင်ပြီ”
ဖူအန်…………..”ဒီပုံစံတွေ မပျောက်သွားခင်အထိ အပြင်ဖက်မှာဘာတွေပဲဖြစ်နေပါစေ နင်တံခါးဖွင့်မပေးရဘူး……………”
…………………………………………..သူမတို့ ထိုနေရာတွင်ရှိနေသည်မှာ ၄ နာရီခန့်ရှိနေပြီဖြစ်သည်။
အချိန်မှာ ရှည်လျှားပြီးခက်ခဲလှ၏။
![](https://img.wattpad.com/cover/385728015-288-k836306.jpg)