အဲ့တာက တကယ်လား………အိမ်မက်ဆိုးလား?.............
ဖူအန်မှာ သူမကုတင်ဘေးဖက်သို့ကြည့်လိုက်၏။ သို့သော်လည်း ထိုနေရာတွင် မည်သည့်အရိပ်အယောင်မျှရှိမနေပေ။
“ယွမ်ယွမ်………..ညက နင်တစ်ခုခုကြားသေးလား?”
“မကြားပါဘူး….”
ကျန်းယွမ်ယွမ်မှာ ခေါင်းခါလိုက်၏။
“နင်ညက အိမ်မက်ဆိုးမက်ပြန်ပြီလား?”ဖူအန်မျက်နှာမှာ ဖြူဖျော့နေသည်။
အဲ့တာကြီးက တကယ်ပဲအိမ်မက်ဆိုးလား?..............
မနေ့ညက အခြေအနေကိုပြန်တွေးလိုက်ရင် တကယ့်အစစ်အတိုင်းပဲ………..ငါငယ်ငယ်တုန်းက ဘီလူးစီးခံရတဲ့အတိုင်းပဲ………..
သူမမှာထထိုင်လိုက်ပြီး အဝတ်စားလဲရန်ပြင်လိုက်၏။
ရုတ်တရက် သူမလက်ဝါးထဲတွင် တစ်ခုခုရှိနေသလိုခံစားလိုက်ရသည်။လက်ဝါးဖြန့်ကြည့်လိုက်သောအခါ သူမတင်းကြပ်စွာကိုင်ထားသည်မှာ ငြိမ်းချမ်းရေးအဆောင်ဖြစ်နေသည်။
အဆောင်စာရွက်မှာ အားကြောင့်အနည်းငယ်တွန့်နေသော်လည်း မည်သည့်အရာမျှ ပြောင်းလဲမနေပေ။ဤအဆောင်ကို သုံးပြီးသလား၊ မသုံးရသေးသလားဟု ရှင်းရှင်းလင်းလင်းမပြောနိုင်ပေ။
သူမအပေါ်သို့မော့၍ ကြည့်မိလိုက်၏။အပေါ်ရှိအက္ခရာပုံစံမှာ ထပ်၍မှိန်သွားသော်လည်း ရှိနေဆဲပင်။
……………………………………………..ယနေ့သည်ဂိမ်း၏ ၅ ရက်မြောက်နေ့ဖြစ်သည်။
သင်ကြားရေးအဆောင်ထဲတွင် အလွန်တရာမှ တိတ်ဆိတ်နေသည်။သူမတို့လမ်းလျှောက်ဝင်လာသောအချိန်တွင် အတန်းတစ်တန်းစီတွင် ကလေး ၄ ယောက်၊ ၅ ယောက်ခန့်သာ ကျန်တော့သည်။
ကလေးများမှာ သူတို့၏ဆရာများပတ်ဝန်းကျင်တွင် လေ့ကျင့်ခန်းလုပ်ရန်စုဝေးလိုက်ကြသည်။
အပြစ်ကင်းစင်သည့်ကလေးများ၏အမူအရာနှင့်ယှဉ်လျှင် ဆရာများမှာ စကားတစ်လုံးမှမပြောပဲ ထိုနေရာတွင် ထိုင်နေကြသည်။သူတို့၏မျက်နှာများမှာ အနက်ရောင်မြူလွှာတစ်ခုဖြင့် ကာထားသလိုပင်။ ထိုအရာက လူကို ဝိုးတိုးဝါးတားဖြစ်သလို ခံစားရစေသည်။
![](https://img.wattpad.com/cover/385728015-288-k836306.jpg)