ထိုမေးခွန်းကြောင့် လူတိုင်းတိတ်ဆိတ်သွားကြသည်။
မာယီက ဖူအန်ကိုကြည့်လိုက်ပြီး………
“မစ်ဖူက အရမ်းမြင်တတ်တာဆိုတော့ တစ်ခုခုများတွေ့ထားပြီလား?”“နိုး”
ဖူအန်သည် ရှက်ရွံ့သည့်ဟန်ဖြင့်ပြုံးလိုက်၏။
“ဒီနေ့က ဘာမှထူးထူးဆန်းဆန်းဖြစ်မနေဘူးလေ……………ကျွန်မခွဲခြမ်းစိတ်ဖြာစရာလည်း ဘာမှမရှိဘူးပေါ့”
“အိုး…………တကယ်လား?.............ဒါပေမယ့် ဟန်ရင်အာပြောပုံအရတော့ ဒီနေ့ ကလေးတစ်ယောက်က မင်းကိုကိုင်ပြီးစကားတွေပြောနေတယ်ဆို?”
မာယီဆက်ပြောလိုက်၏။
“ငါက ဒီကိစ္စအတွက်အရမ်းစိတ်ပူနေတာ”ဖူအန်ခေါင်းခါလိုက်ကာ…………..
“ကျွန်မက သူတို့တွေကို သာမန်ကာလျှံကာ စကားသွားမပြောရဲပါဘူး…………အစ်ကိုမာတို့က ကစားသမားဟောင်းတွေပဲ………….ကျွန်မထက်စာရင် ပိုပြီးအတွေ့အကြုံတွေရှိမှာပေါ့……….ဘာလို့တစ်ယောက်ယောက်ကိုပို့ပြီး သွားမမေးခိုင်းတာလဲ?”
အတွေ့အကြုံရှိကစားသမားပုံစံမဖြစ်အောင်လို့ လူသစ်ပုံစံဟန်ဆောင်နေတဲ့ဟာကို………
ငါလူသစ်ပုံစံကစားတာ အရမ်းတွေ အောင်မြင်နေပြီလား……….အဲ့တာကြောင့် လူတိုင်းက ငါ့ကို လွယ်လွယ်နဲ့လာရှုပ်လို့ရတယ်ထင်နေကြတယ်?.............ယနေ့အဆုံးတွင် မည်သည်ကိုမျှ မဆွေးနွေးဖြစ်ကြတော့ပေ။
သူမအလေးစားရဆုံးမှာ ကျန်းယွမ်ယွမ်ပင်။သူတို့ကြားထဲတွင် လူသစ်အဖြစ်ဆုံးဟုပြော၍ရသော်လည်း အတွေ့အကြုံရင့်ကစားသမားကဲ့သို့ ဟန်ဆောင်ထားသည်။
ခပ်မိုက်မိုက်နေခြင်းအတွက် ၃ မှတ်၊ ဂရုမစိုက်သလိုနေခြင်းအတွက် ၇ မှတ်ပေးနိုင်ပေသည်။ ဤကဲ့သို့ သန်မာလှသောပုံစံနှင့် မည့်သူကိုမှ အချက်အလက်ဝေမျှလိုစိတ်မရှိသောပုံကြောင့် မည်သူကမျှ လာမရှုပ်ရဲကြချေ။ သူမဖာသာအိပ်ခန်းသို့ ပြန်သွားသည်။
ထို့အပြင် အမှန်တရားကိုမသိကြသောကစားသမားအများစု၏ လေးစားမှုကိုလည်းရပေသည်။
…………………………………………………………
![](https://img.wattpad.com/cover/385728015-288-k836306.jpg)