Chapter 179
ချန်းကျစ် ခန်းမထဲသို့ဝင်လာသည်နှင့်တပြိုင်နက် သူ အကြည့်များစွာကို လက်ခံရရှိလိုက်သည်။
တက်ရောက်လာသူတစ်ဝက်နီးပါးက သူ့ကို ပွင့်ပွင့်လင်းလင်းဖြစ်စေ လျှို့ဝှက်စွာဖြစ်စေ ကြည့်နေကြသည်။
ချက်ခြင်းပင် သူသိသည့်ဦးလေးနှင့်အဒေါ်များက သူ့ကိုကြည့်နေသည်အား သတိထားမိသွားရ၏။ ထို့အပြင် သူတို့မျက်၀န်းများထဲတွင် သနားနေသည့်အရိပ်အယောင်များ ရှိနေသည်လား။
သို့သော် သူ့ကို ဘာအတွက် သနားကြသည်လဲ။
ဘာဖြစ်သွားသည်လဲဟု ချန်းကျစ် တွေးနေသည့်အချိန် ကျန်းယွီယောင်က သူ့ဆီ လျင်မြန်စွာပြေးလာပြီး စိုးရိမ်ပူပန်မှုနှင့် အဆောတလျင်အော်လာ၏။"စတုတ္ထအစ်ကို!"
ကျန်းယွီယောင်၏အသံက အနည်းငယ် တုန်လှုပ်နေသည်ကို တစ်စုံတစ်ယောက်ကပင် သတိပြုမိသွားသေးသည်။
ချန်းကျစ်က သူမကို ပေါ့ပေါ့ပါးပါးတချက်ကြည့်ပြီး နှုတ်ဆက်သည်။
သူသည် ပတ်ဝန်းကျင်ကို တည်ငြိမ်စွာ စူးစမ်းလေ့လာနေပြီး မထင်မှတ်ထားသောဧည့်သည်ဖြစ်သည့် လော့ချယ်က စင်မြင့်ပေါ်တွင် ရပ်နေသည်ကို ရုတ်တရက်သတိထားမိသွားရ၏။
သူ့မျက်၀န်းများက အံ့အားသင့်သွားသည့်အရိပ်အယောင်များ လျင်မြန်စွာ ဖြတ်ပြေးသွားသည်။ လော့ချယ်က ဒီနေရာမှာ ဘယ်လိုပေါ်လာနိုင်တာလဲ။
အဘယ်ကြောင့် လော့ချယ်က ဤနေရာတွင် ရှိနေရသည်လဲဟု တွေးနေဆဲတွင် သူ့အချစ်ဆုံးသူငယ်ချင်း ကျန်းနန်က သူ့အနားကိုရောက်လာပြီး နီးနီးကပ်ကပ်ရပ်၍ နားထဲ တိုးတိုးလေးပြောလာသည်။"ချန်းကျစ် ဧကရာဇ်ရဲ့မြေး ပြန်လာပြီ"
ချန်းကျစ်သည် ပါးနပ်ထက်မြက်သူဖြစ်သည်။ မကြာသေးမီက Mr.ချန်း သူ့အား ပြောခဲ့သော လေးနက်သည့်စကားလုံးများအပြင် ချန်းမိသားစုပါတီတွင် နားလည်ရခက်စွာ ပေါ်လာသော လော့ချယ်ကို တွေးမိသွားသည်။ တခြားဘာများ နားမလည်နိုင်စရာရှိလဲ။
Mr.ချန်း၏တစ်ဦးတည်းသောမြေး ၊ "ဧကရာဇ်၏မြေး"က ပြန်ရောက်လာပြီဖြစ်သည်။
YOU ARE READING
ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်တစ်အုပ်ထဲကို ကူးပြောင်းသွားတယ်
RandomStatus in COO : 253 chapters (complete)