Chapter 180

363 66 0
                                    

Chapter 180

ချန်းကျစ်က သူမကို ပေါ့ပေါ့ပါးပါး တစ်ချက်ကြည့်လိုက်ပြီး "ဘာလုပ်ရမှာလဲ?"

"ရှင်က ချန်း Group ရဲ့ အမွေဆက်ခံသူမဟုတ်တော့ဘူးလေ!"

ချန်းကျစ်၏မျက်၀န်းများထဲတွင် စိတ်မရှည်သော အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။ သူက ခေါင်းငုံ့၍ စိတ်ကြိုက်လုပ်ထားသည့် လက်ပတ်များကို ဟိုရွေ့သည်ရွေ့လုပ်နေပြီး "ငါ ချန်းGroup ရဲ့အမွေဆက်ခံသူ ဘယ်တုန်းကမှမဖြစ်ခဲ့ဖူးဘူး"

တကယ်တော့ ဤကိစ္စသည် တိတ်တိတ်ဆိတ်ဆိတ်ထားလိုက်တာ အကောင်းဆုံးဖြစ်ပြီး Mr.ချန်းသည်လည်း ဘယ်တုန်းကမှ ပါးစပ်နှင့်ပင် ကတိမပေးခဲ့ဖူးချေ။

ချန်းချယ်ပြန်မလာပါက ချန်း Groupကို အမွေဆက်ခံရမည့်သူသည် သူဖြစ်နိုင်ချေအများဆုံးပင်။

သူယခင်က ထိုသို့အမြဲတွေးခဲ့၏။

Mr.ချန်းသည် လူငယ်မျိုးဆက်များကြားတွင် သူ့ကို မျက်နှာသာအပေးဆုံးဖြစ်သည်။

သို့သော် ကျန်းယွီယောင်လိုတော့ သူ ပွင့်ပွင့်လင်းလင်း မပြောခဲ့ဖူးချေ။

အရာအားလုံးအခြေမကျခင်ထိ ပြောင်းလဲနိုင်သည့်အရာများစွာ ရှိသည်။ ယခု ချန်းချယ်ပြန်ရောက်လာပြီဆိုတော့ ပြောစရာပင်မလိုပေ။ သူ့အတွက် အမုန်းပွားမှုများ ယူဆောင်လာရန်ကလွဲ၍ အရာအားလုံးက အသုံးမဝင်ပါချေ။

ကျန်းနန်က မျက်မှောင်ကြုတ်၍ တီးတိုးပြောလာ၏။ "အသံတိုးတိုးပြောစမ်းပါ မင်းက တခြားသူတွေကို ရှိုးကောင်းကောင်းလေး ကြည့်စေချင်နေတာလား "

ကျန်းယွီယောင်သည်လည်းပဲ သူမအလွန်အကျွံတုံ့ပြန်မိသည့်အတွက် အံ့အားသင့်သွားရပြီး အလျင်စလိုဖြင့် တောင်းပန်လာသည်။"ကျွန်မ မဟုတ်ပါဘူး၊ ကျွန်မ အဲ့လိုမရည်ရွယ်ဘူး ကျွန်မရဲ့စတုတ္ထအစ်ကိုကို စိတ်ပူမိသွားရုံပါပဲ"

ကျန်းနန်က သရော်သည်။ "ဧကရာဇ်က စိတ်မပူပေမယ့် သူ့မိန်းမစိုးတွေကတော့ သေလောက်အောင်စိတ်ပူနေတာပဲ"(ဘေးမှလူများက ပါဝင်ပတ်သက်သူများထက် ပို၍စိုးရိမ်ပြနေသည်)

ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်တစ်အုပ်ထဲကို ကူးပြောင်းသွားတယ်Where stories live. Discover now