ညစာစားပွဲသည် မပျော်မရွှင်ပြီးဆုံးသွားသည်ဟု ဆိုနိုင်သည်။ချန်းချယ်နှင့် ချန်းကျစ်အကြားတွင် အဘယ်ကြောင့် ဤမျှကြီးမားသော သဘောထားကွဲလွဲမှုများ ရှိနေမှန်း ကုမျန်မသိပါချေ။
မူရင်းဇာတ်ကြောင်းထဲတွင် သူမထင်တာသာမမှားပါက ချန်းကျစ်သည် သူ့အဖိုးအတွက် ချန်းချယ်ကို အိမ်သို့ခေါ်ဆောင်သွားရန် အစပြုခဲ့သူဖြစ်သည်။
ထိုဇာတ်ကြောင်းမှနေ၍ ချန်းကျစ်သည် စိတ်သဘောထားကျယ်ပြန့်ပြီး စိတ်ထားကောင်းသူဖြစ်မှန်း သိနိုင်သည်။ သူသည် မိသားစုစီးပွားရေးကို အမွေဆက်ခံရန် မစွမ်းဆောင်နိုင်မှုအတွက် အချိန်အကြာကြီး ရုန်းကန်နေမည့်ပုံပေါ်သည့် လူတစ်ယောက်နှင့်မတူပါချေ။
နောက်ဆုံးတွင်တော့ သူကိုယ်တိုင်သည်လည်း ကြီးကျယ်ခမ်းနားသည့်အရာများကို လုပ်ခဲ့သူတစ်ယောက်ပင်။
မူရင်းဇာတ်ကြောင်းတွင် သူတို့သည် ကောင်းမွန်သောဆက်ဆံရေးရှိသည်။ အခုကျတော့ သူတို့က ဘာကြောင့် ဒီလိုအခြေအနေမျိုးဖြစ်နေရတာလဲ။
ဒါကို နားမလည်သည့်အတွက် ကုမျန်သည် သူမ စဉ်းစားနေတာကို ရပ်လိုက်တော့၏။
အခြားတစ်ဖက်တွင် ချန်းချယ်သည် သူ၏အရင်ဝမ်းကွဲဖြစ်သူ လော့ကျစ်ယွီထံမှ ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိခဲ့သည်။
ဖုန်းထဲတွင် လော့ကျစ်ယွီက အနည်းငယ်စိတ်ပူနေသည့်လေသံဖြင့် "မင်းရဲ့ဆန္ဒအတိုင်း မင်း ချန်းမိသားစုဆီ ပြန်သွားတာကို ဦးလေးနဲ့အဒေါ်ဆီကနေ ငါ လျှို့ဝှက်ပေးထားချင်ခဲ့ပါတယ် ဒါပေမယ့် သူတို့ မတော်တဆ သိသွားတယ်"
ချန်းချယ်သည် စကားပြန်မပြောမီ အချိန်အတော်ကြာအောင် နှုတ်ဆိတ်နေခဲ့သည်။ "ဒီကိစ္စမှာ အပြစ်တင်ရမယ့်သူက မင်းတစ်ယောက်တည်း မဟုတ်ပါဘူး အစတုန်းကတော့ လျို့၀ှက်ထားဖို့ လွယ်လွန်းတယ်လို့ငါထင်လို့ အဲဒီအကြောင်းတွေကို သူတို့ဆီကနေ ဖုံးကွယ်ထားချင်ခဲ့တာ ဒါပေမယ့် ဘယ်လိုလုပ်လွယ်နိုင်မှာလဲ"
ထို့အပြင်၊ ယခုလက်ရှိ လူအိုကြီးနှစ်ဦးသည် ကုမျန်၏သတင်းအတွက် အင်တာနက်ကို စွဲလမ်းနေကြတာဖြစ်သည်။ သူတို့ကို ခဏတာမျှသာ အဆက်ဖြတ်ထားနိုင်ပြီး သူတို့၏ဘဝတစ်သက်တာလုံး အဆက်ဖြတ်ထားနိုင်မည်မဟုတ်ပေ။
YOU ARE READING
ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်တစ်အုပ်ထဲကို ကူးပြောင်းသွားတယ်
RandomStatus in COO : 253 chapters (complete)